Unicode
(Ongoing ၃ပုဒ်လုံး update ပါ)"ညီညီ လိုက်မှာလား"
"လိုက်မှာ ကလေးလေး လိုက်ကြည့်မယ်လေ"
"အင်း"
"ဝန်းလေးကို ဝင်ခေါ်မယ်နော်"
"အေးပါကွာ တည့်သွားတော့လဲ မပြောချင်ဘူး"
"မဟုတ်ပါဘူး ကိုကိုရယ်"
"ဟုတ်ပါတယ်"
တစ်ယောက်နှင့်တစ်ယောက် စနေကြသည့် ညီအစ်ကိုတွေဖြစ်သည်။ ဒီနေ့ကျောင်းပိတ်သည်မို့ သူတို့အားလုံး လေးလေးရှိုင်းတို့အိမ်သွားမလို့လုပ်ထားသည်။ ဒယ်ဒီရော ဖေဖေရောပါလိုက်မှာဖြစ်၏။
"ဒယ်ဒီ ဖေဖေရော"
အောက်ဆင်းလာသည်နှင့် ဖေဖေ့အားမတွေ့သည်ကြောင့်ဒယ်ဒီ့ကိုမေးလိုက်ရသည်။ ဒယ်ဒီသည်ဧည့်ခန်းတွင်ထိုင်ကာ စောင့်နေတာဖြစ်၏။
"ဖေဖေအခန်းထဲမှာ လာလိမ့်မယ်၊ သားညီညီရော"
"လိုက်မှာ ဖေဖေ၊ အဝတ်လဲနေလို့"
"သားကြီးက ကလေးဆီသွားဖို့တက်ကြွနေတယ်"
"ဟုတ်တယ် သား ပေါက်စလေးကိုတွေ့ချင်နေပြီ ဟိုနေ့ကခဏပဲတွေ့လိုက်ရတာ"
"ဒယ်ဒီကသားကို ကလေးအဲ့လောက်ချစ်မယ်လို့မထင်ခဲ့ဘူး"
သားကြီးသည် တကယ်ကို ရှိုင်းနှင့်မိုင်းဇက် သားလေးဆီသွားဖို့တက်ကြွနေတာဖြစ်သည်။ မနက်က နိုးနိုးချင်းလဲ သူ့တို့အခန်းကိုလာခေါက်ကာ နှိုးသေးတာမလား။ မိုင်းဇက်မွေးသည့်နေ့က ညဉ့်နက်မှပြန်လာပြီး အငယ်ဆို သားက ကလေးတစ်ယောက်ကိုဘယ်လိုတောင် အသည်းယားနေတာကအစ သူ့အားပြန်ပြောသေးတာဖြစ်သည်။ သူတို့ကိုမွေးတုန်းက အကြောင်းတွေကိုလဲ ပြန်မေးသည်တဲ့လေ။
"Baby သားကြီးကတော့ တကယ်ကွာ"
"ဟာ ဖေဖေကလဲ ဒါပဲလိုက်စနေတော့မှာလား"
အခန်းထဲမှထွက်လာသည့် အငယ်သည်သူ့သားအားစပါတော့သည်။ ခက်ထန်မှာ သားကြီးကိုစချင်နေတာပဲသိ၏။
"အင်းပါ ဖေဖေ မစတော့ဘူး သားငယ်ရော သွားမယ်လေ"
"ဖေဖေတို့ကားထဲမှာစောင့်နေ၊ ကျွန်တော် ညီညီ့ခေါ်ပြီး လိုက်ခဲ့မယ်"
KAMU SEDANG MEMBACA
Love is everything (Complete) Uni & Zawgyi
FantasiStating ...... 1 September 2022 End - 10 November 2022 13th creating S2 of ခက်ထန်ပျို Picture from Pinterest (Crd. org upload)