Part 34

7.9K 499 11
                                    

Unicode

"morning ဖေ့"

မကြားရတာကြာပြီဖြစ်တဲ့ အသံလေးသည် အခုမှအသက်ပြန်ဝင်လာတော့သည်။ ဒီအသံလေးပျောက်နေသည်မှာ ရက်သတ္တပတ်ကြာနေပြီမလား။

"နိုးပြီလား သားလေး"

"ဟုတ်ဖေ့၊ ဖေ့ ကိုကိုကြီးရော"

"သားကိုကို ကားဂိုထောင်ထဲမှာထင်တယ်"

"ဟုတ်လား သားသားလိုက်သွားအုန်းမယ်"

ကဆုန်ပေါက်ပြီးထွက်သွားသည့် သားသားကိုကြည့်ကာ ခက်ထန်ပြုံးလိုက်မိသည်။ ကလေးစိတ်အဆင်ပြေသွားပြီထင်သည်။ အလင်းဇက် အနောက်ဖက်ဂိုထောင်ကိုထွက်လာခဲ့လိုက်ပြီး ကိုကိုကြီးဘာလုပ်နေလဲ သွားကြည့်လိုက်၏။

“ကိုကိုကြီး”

“ဟင်! နိုးပြီလား သားသား”

“နိုးပြီ၊ ကိုကိုကြီးက သားသားနိုးတဲ့အထိ ဘာဖြစ်လို့စောင့်မနေတာလဲ”

“သားသားကားကို စစ်ပေးမလို့လေ”

ဟုတ်သားပဲ ကိုကိုကြီးက သူ့ကားထဲမှာထိုင်နေတာကို လောပြီးသတိမထားမိလိုက်တာဖြစ်သည်။

“ကိုကိုကြီး အလုပ်သွားမှာလား”

“မသွားဘူးလေ”

“ဘာဖြစ်လို့လဲ”

“သားသားအနားမှာနေချင်လို့”

“အား!! ချစ်တယ် ချစ်တယ် ကိုကိုကြီးကိုချစ်တယ်”

အသံစာစာ,စာစာနဲ့အိမ်နောက်ဖက် ကားဂိုထောင်တွင် အလင်းဇက်သည်အော်ဟစ်နေ၏။ အရင်အတိုင်းပြန်ဖြစ်သွားသည့် အလင်းဇက်၏ အသံတို့သည် တစ်အိမ်လုံးဖုံးလွှမ်းနေ၏။

“ကိုကိုဝန်းလေး ဒါစားကြည့် ကိုကိုဝန်းလေးကြိုက်မှာ သားသားသိတယ်”

အိမ်တွင် ဂဏန်း၊ ရေဘဝဲ၊ ကျောက်ပုစွန်နဲ့တခြားအမယ်တွေ မှာစားတာဖြစ်ပြီး အားလုံးက လက်အိတ်နဲ့ကိုင်နေပေမယ့် အလင်းဇက်သည် ဟင်းပွဲတွေရောက်ကထဲက လက်ကိုသေချာဆေးကာ လက်နှင့်ဖဲ့တော့သည်။ ပြီးသည်နှင့် အားလုံးကို ဦးချပြီး ဝန်းလေးကိုလဲ သွားသွားထည့်ပေးနေ၏။

“သားသား ပေကျံနေပြီ”

“အွန်း…ပြီးမှ ဆေးမယ်လေလို့၊ ဟ ကိုကိုကြီး ဟ”

Love is everything (Complete) Uni & ZawgyiOpowieści tętniące życiem. Odkryj je teraz