Part 2

10.5K 603 4
                                    

Unicode

"လာပြီ လာပြီ ငါ့ကလေးတွေလာပြီ၊ မိုင်းဇက် ကလေး‌တွေဖို့ ချောကလတ်သွားယူပေး"

"နေပါအုန်း အထဲရောက်ပါစေအုန်း"

အိမ်အဝင်ကားတံခါးဖွင့်ကာ ခြေချတာနဲ့ရှိုင်းသည် သူ၏အချစ်တော်တွေအားကျွေးရန် ချောကလတ်ယူခိုင်းတော့သည်။ ခက်ထန်သားနှစ်ယောက်နဲ့ဆင်းကျန်ပြီး တိုင်းသည် ပါကင်တွင်ကားသွားထိုးသည်။ ကားနောက်တစ်စီးရောက်လာပြီး ဆင်းလာသူက လဝန်းနဲ့သားလေး ဝန်းယံပင်။ ဆင်းလာသည့် ဝန်းယံကိုမြင်ကာ တိုင်းဝဠာပျို နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ခေါင်းကိုချာကနဲလှည့်ကာ သူ့အိမ်သူ့ရာလိုပင် အိမ်ထဲကိုဝင်သွားတော့သည်။ သူ့ကိုစကားမပြောပဲ လှည့်ထွက်သွားသည့် ကိုကိုတိုင်းဝဠာပျိုကိုကြည့်ကာ ဝန်းယံသည်မဲ့မဲ့လေးဖြစ်နေ၏။ ထန်တိုင်းပျိုကတော့ ဝန်းယံကိုကြည့်လိုက်ပြီး ခေါင်းခါကာ သူ့ညီညီနောက်ကိုလိုက်သွားတော့သည်။ ကလေးတွေကိုကြည့်ကာ လူကြီးတွေ၏မျက်နှာသည် ရယ်ချင်နေ၏။ ဝန်းယံလေးသည် သူ့မေမေလက်ကိုဆွဲလှုပ်ကာမော့ကြည့်လိုက်သည်။

"သားက ကိုကို့ကိုချော့လိုက်လေနော်၊ ကိုကိုကသားချော့ရင် စိတ်ဆိုးပြေမှာပါ"

"ဟုတ် မာမီ"

"သွား အထဲသွား၊ ကိုကိုကြီးနောက်ကလိုက်သွား"

ဝန်းယံလေးသည် သူ့လက်ကလေးနှစ်ဖက်၏လက်ချောင်းကလေးတွေက်ုတစ်ဖက်နှင့်တစ်ဖက်တို့ထိရင်း ကိုကိုကြီးထန်တိုင်းပျိုနောက်ကဖြည်းဖြည်းလေးလိုက်ဝင်သွားသည်။

"လဝန်းရယ် ငါလဲမပြောချင်တော့ဘူး"

"သားကဟယ် အေးတာပါ၊ ငါ့တူတာတော့မဟုတ်ဘူး သူ့ဒယ်ဒီကိုတူတာလေ၊ ငါ့တူလို့ကတော့ ဗြောင်းဆန်နေမှာ"

"အင်း အိမ်က တိုင်းဝဠာပျိုတို့က တို့ချက်၊ သူကျတော့ ဝန်းယံလေးကိုမှောက်လို့မှောက်လှန်လို့လှန်နဲ့ ငါလဲပြောပါတယ်"

"မတတ်နိုင်ဘူး သူတို့ပါသူတို့အဆင်ပြေသွားလိမ့်မယ်"

"အင်း"

ကားပါကင်ထိုးပြီးမှ သူတို့နှစ်တွဲသည်အထဲကိုဝင်လာတော့သည်။ ဧည့်ခန်းထဲတွင် သားနှစ်ယောက်သည် သူ့အိမ်သူ့ယာလိုပင် ဆိုဖာတွင်ကျကျနနထိုင်ကာ ရှိုင်းနဲ့မိုင်းဇက်ကျွေးသမျှအကုန်စားနေ၏။ ဝန်းယံလေးသည် မိုင်းဇက်ပေါ်တွင်ထိုင်ကာ ငြိမ်ငြိမ်သက်သက်စားနေသည်။

Love is everything (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora