အပိုင်း(၄)

14.2K 1K 55
                                    


" ဟုတ်လားသားငယ် ၊ မေကြီးတို့ကတော့ အတူတူနေချင်တယ် "

" သားတို့ မဂ်လာဦးလေမေမေ....သားတို့ လွတ်လွတ်လပ်လပ် အပြင်မှာခဏ ပဲ နေမယ်လေ ၊ နောက်ပြီး...မေမေတို့ဆီ ပြန်လာမယ်နော် ငယ်လေး "

ကိုယ်ဆီဦးတည်ကာ ရည်ရွယ်မေးလာသော အမေးစကားမို့ မလွယ်မရှောင်သာ ခေါင်းညိမ့်ပြ၍ စိတ်ချမ်းသာစေ၏။

နှလုံးသားတွေပဲ့ကြွေ သလို တမြေ့မြေ့ ကျေမွနေသော ရင်အစုံကို လျစ်လျူရူပါရစေ။

" ဟား.......ဟုတ်ပါပြီ သားငယ်ရေ၊ ဘယ်နေ့ သွားကြမလဲသားတို့ "

" ဒီနေ့လည်ပဲ ပြောင်းမယ် ၊ သုဝဏ္ဏဘက်က ခြံကိုတော့ နောက်မှပြောင်းမယ် ၊ ငယ်လေး လည်း မျက်စိပွင့်နားပွင့်ဖြစ်အောင် မြို့လည်က သားcondo ပဲ အရင်ပြောင်းနေမယ် မေမေ "

" ဟုတ်သားပဲ ၊ သားငယ်လေးကို ဂရုစိုက်ပေးပါ သားမာန် ၊ သားငယ်လေးက ဒီမှာ နေရာစိမ်းမို့ အနေခက်ရအောင်မလုပ်မိပါစေနဲ့သား ၊ မေ့သားလေးကို စောင့်လျှောက်ပေးပါ သား"

အဟမ်း !

ကိုယ့်စိတ်ကို မလုံစွာ ရုတ်တရက်ထ ချောင်းဆိုးမိသည်။

" စိတ်ချပါ ကျွန်တော်က သူကို လက်ထပ်ထားတဲ့သူပါ ..စောင့်ရှောက်မှာပါ မေမေရ "

ဟန်ဆောင်ပြုံးပြရတာ ခက်ခဲလိုက်တာဗျာ ၊ ကိုယ့်ရည်ရွယ်ချက်ကို သိနေသည့်အလား ညိုးငယ်စွာ ကြည့်နေတဲ့ ကောင်လေးကိုကြည့်ပြီး စိတ်မလုံစွာဖြင့်အကြည့်လွဲထားမိသည်။

" မေမေကြီး..."

မိမွန်ပေးလာသော အနီရောင်ကတ္တီပါ ဗူးလေးက အရာတွေက်ို စိတ်ဝင်စားစွာ ကြည့်နေမိသည်ကား သူရယ် ကိုယ်ရယ်။

"ဒါ...ဒါလေးက "

" ဟုတ်တယ်သား...ဒီကြိုးလေးတွေက သားမေမေ မဆုံးခင်က သားလက်ထပ်တဲ့တနေ့ သားတို့နှစ်ယောက်ကို ချီးမြှင့်ပေးပါလို့ ပြောလာလို့ မေကြီးသိမ်းထားပေးတာ သားငယ်၊ ဒါ သားမေမေတို့ ဘိုးဘွားအစဉ်အဆက်က တန်ဖိုးထားခဲ့တဲ့ ရိုးရာ အစီအရင် လက်ဖွဲ့ကြိုးလို့ ပြောလို့ရတယ်။ ကတိ၊ သစ္စာ၊မေတ္တာတရားတွေ ပေါင်းစပ်ထားတဲ့ ဒီမေတ္တာကြိုးလေးက အနီရောင်က ရဲရင့်ခြင်း၊ အဝါရောင်က ပျော်ရွှင်ခြင်းနှင့် အပြာရောင်လေးက ငြိမ်းချမ်းခြင်းသဘောဆောင်ထားလို့ သားတို့အိမ်ထောင်ရေး ပျော်ရွှင်သာယာငြိမ်းအေးပါစေ ဖော်ဆောင်ထားတဲ့ လက်ဖွဲ့ကြိုးလေးက အရမ်းတန်ဖိုးရှိတာမို့ သားမာန် တန်ဖိုးထားရမယ်နော် "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now