" မိဝေ....."လကုန်စနေနေ့ပိတ်ရက်မို့ စျေးထဲမှာကြက်ပျံမကျစည်ကားနေတဲ့ မိဝေတို့ပျံကျစျေးလေးထဲဝယ် စျေးဝယ်သူများ အား အညာသူမလေးမိဝေတစ်ယောက် ခြံထွက်သီးနှံများကို လက်မလည်အောင်ရောင်းချနေပြန်သေးသည်။ မနေ့ကျောင်းပြန်ကတည်းက အဖျားငွေ့ငွေ့ရှိနေတဲ့ ဖိုးသာထူးတစ်ယောက် ကျောင်းဆင်းအပြန် လမ်းထိပ်က လူပျိုကြီးများနှင့် မိုးရေထဲ ဘောလုံးကန်ခဲ့သည်မှ စသောအဖျားရှိန်က ညကတည်းက ဒီကိုဂျင်ဆေး တစ်ခြမ်းတိုက်ခဲ့ရသေးသည်။
ညကတည်းအဖျားရှိန်မသေသေးသည့် ဖိုးသာထူးက လွယ်အွေ့အနားကပ်ကာ မိဝေတို့လင်မယားရဲ့ ဆူပူခြင်းကို ကာကွယ်နေပြန်သေးသည်။
"မိဝေ....."
" အယ်....."
" မိဝေ...ဆိုင်သိမ်းလိုက်တော့..."
"ကိုသာထက် ဘယ်ကဘယ်လိုရောက်လာတာလဲ.."
"ဖိုးသာထူး အပြင်ဖျားလို့ ကိုငယ်လူ့ကြီးက အင်းစိန်ထဲက ...အထူးကုဆေးရုံကြီဆီ ပို့ထားသတဲ့..အဲ့တာငါတို့ အခုလိုက်မှဖြစ်မယ်...လာ..လာ....နင်ဆိုင်ကို ဘေးက အဒေါ်ကြီးဆီအပ်ခဲ့..."
" အင်း...အင်း...ကြီးတော်ရေ...သမီးဆိုင်လေး ကူသိမ်းပေးပါအုံး..ဘဲဥမရေ...ဖိုးသာထူးလေးဖျားနေလို့ မကြီး ခုသွားရမယ်..."
သားသမီးဇောဖြင့် မိဝေတစ်ယောက်ပြာယာခတ်စွာ ဘေးဆိုင်ကအဒေါ်ကြီးနှင့်ကပ်လျှက်ရှိနေသော ဘဲဥသည်မလေးဆီကိုပါ ဆိုင်ကိုအပ်ကာ ပိုက်ဆံအိတ်အဟောင်းလေးလွယ်၍ စျေးအပြင်ဘက်ကားရပ်နားထားသော ကိုသာထက်ရဲ့ အဖြူရောင် taxi. ကားလေးဆီသို့..။
" ဘယ်လိုဖြစ်တာတဲ့လဲ ကိုသာထက်...ကလေး..က ဘယ်လိုနေသေးလဲ..."
"တအားလည်းစိတ်မပူပါနဲ့ဟာ...ကိုငယ်က ငါ့ဆီ ph ဆက်ထားသေးတယ်..ငါလည်းဖုန်းအားကုန်နေတာတဲ့ ဂိတ်ထဲက ကိုတိုးကြီးဆီထားခဲ့ပြီး ကားထွက်နေတော့လွဲတော့တာပဲ။ အိမ်အနားခရီးသည်တစ်ခေါက်ပို့ပြီး နေ့လည်စာကလေးတွေနဲ့စားဖို့ ခေါက်ဆွဲကြော်ဝယ်ပြီးအိမ်ပြန်တော့ အိမ်အစောင့်လူကြီးက ကျိုးကြောင်းရှင်းပြတော့တာပဲ....သူ့ဆရာကမှာခဲ့တာမို့စိတ်မပူကြဖို့နဲ့...အေးဆေးလိုက်လာကုဖို့ ဆေးရုံလိပ်စာလေးပေးခဲ့တာ မိဝေ..."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်