အပိုင်(၃၈)

9.9K 596 46
                                    


( Hello ငယ်လေးက မင်းဆီမှာဆို )တဲ့အမေးစကားနှင့်အတူ အစ်ကိုဖြစ်သူ၏ ဖုန်းခေါ်ဆိုမူ....

ဒေါသသံ သဲ့သဲ့ပါနေတဲ့ အစ်ကိုဖြစ်သူ ဘုန်းမြတ်ဟန်ရဲ့အမေးစကားတို့ကြောင့် ကလေးအတွက်နံနက်စာပြင်ဆင်နေရင်း အနည်းငယ် မျက်မှောင်ကျုံ့မိသည်။

" အင်း "

တစ်ခွန်းတည်းသောစကားကို ခပ်ပြတ်ပြတ်ပြောကာ မိသားစုအပေါ်အနည်းငယ်တော့ စိတ်ဆိုးချင်ပဟပါသေးသည်။

(...................)

" လာမခေါ်နဲ့ ..ကျွန်တော်လိုက်ပို့လိုက်မယ်"

(ဖေဖေနဲ့ပြသနာထပ်မဖြစ်စေနဲ့ ! )ဆိုတာ အမှာစကားလေးပါးပြီး ph ချသွားတဲ့ အစ်ကိုက တူမရတနာလေးကိုပိုင်ဆိုင်ထားပြီး မိသားစုရေးကတဖက်၊ company ကတစ်ဖက်ဖြင့်အလုပ်ရူပ်နေတဲ့ကြားက မိမိကိစ္စထိပါ ကူပေးနေသည့် အားလပ်ချိန် လွန်စွာနည်းပါးလှသည့် အစ်ကိုဘုန်းမြတ်ဟန်ရယ်ပါ။

* ဘုန်းမြတ်သိင်္ဂီသော် ဆိုတဲ့ တူမရတနာလေးကို သိပ်မကြာခင်က ပိုင်ဆိုင်ထားတဲ့မရီးဖြစ်သူ မမကလျာဆေးရုံမှာမီးဖွားစဉ်က တစ်ခေါက်သွား၍ မျက်နှာပြခဲ့သော်လည်း နောက်တစ်ခါလာရင် လွယ်အွေ့လေးပါ ခေါ်လာပေးရန် တောင်းဆိုခဲ့ပြန်၏။

ကြီးမားသော သံယောဇဉ်တို့ ထိုကောင်ငယ်လေးအပေါ်ဝယ် ခိုင်မြဲစွာရစ်ပတ်နှောင်တွယ်ကြသော ကိုသာထက်တို့မိသားစုအပါအဝင် မရီးဖြစ်သူတို့၏ သဘောထားကို ခေါင်းညိတ်မိရင်း အတွေးအာရုံမှထွက်လာခဲ့မိပြီး ကလေးငယ်အတွက် ဖွယ်ရာသော မနက်စာပြင်ဆင်မူအပြီး အိပ်ယာပေါ်ဝယ် ကွေးနေအောင် အိပ်စက်နေတဲ့ လူသားလေးရှိရာဆီသို့။

ဒီည ကိုယ့်condo မှာ ငယ်လေးကိုခေါ်ဆိုထားပါရစေ *ဆိုပြီး လက်ရှိအုပ်ချုပ်သူ ကိုသာထက်ဆီ ph ဖြင့် ခွင့်တောင်းပြီးမှ ကလေးငယ်ငယ်ကို ခေါ်ယူထားမိခြင်းမျိုး။ ကိုသာထက်အမျိုးသမီးက ခုထိကိုယ့်ကို လက်ခံပေးနိုင်ခြင်းမရှိသော်လည်း ဖိုးသာထူးလေးရဲ့ ကယ်တင်ရှင်တစ်ယောက်တဖြစ်လည်း မကောင်းတက်တဲ့လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် အိမ်ကိုတော့ဝင်ထွက်ခွင့်ပြုထားသည်။ အကြောင်းအရင်းမှန်ကို အစ်ကိုသာထက်သိနားလည်စေရန် အမှတ်တရားတချိုတို့ကို ဖွင့်ချပြထားသည်မို့ နားလည်မူရှိသည့် ကိုသာထက်က ဗန်လွယ်အွေ့လေးရဲ့ ခံစားတက်မူကို သိနားလည်ထားသူပီပီ ကိုယ့်ကို လွယ်အွေ့လေး၏ အမျိုးသားတစ်ယောက်အဖြစ် လက်ခံထားပေးသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now