ဒီနေ့ super Sunday လွယ်အွေ့လေးကို အင်းစိန်မှာရှိတဲ့ ခရစ်ဘာသာဝင်တို့၏ ဘာသာရေးဘုရားကျောင်းကို ဝင်ပို့ရင်း ကိုသာထက်တို့မိသားစုလေးပါ ဘာမဆိုင်ညာမဆိုင် ဘုရားကျောင်းထဲ ရောရောင်တက်မည်။ လွယ်အွေ့ကို Sunday တိုင်းလိုက်ပို့နေကြမို့ ဘုရားကျောင်းက ဖာသာနဲ့ များစွာရင်းနှီးပြီးသားမို့ အားနာစရာမလိုခဲ့။
လူတစ်ဦးနဲ့တစ်ဦး ကိုးကွယ်ရာဘာသာတရားတွေ မတူခြားနား ပေမယ့်လည်း လူ, လူချင်း နှလုံးသားစိတ်ထားဖြူစင်ဖို့က အဓိကမို့ သာဘာခြား/လူမျိုးခြား /အသွေးအရောင်ကွဲပြားမူက အဓိကမဟုတ်ခဲ့။
စိတ်စေတနာအရင်းခံသည့် ဖြူစင်မြင့်မြတ်သည့်စိတ်ထားကသာ ပဓာဏကျ၏။
မည့်သည့် ကိုးကွယ်ရာဘာသာဝင်တိုင်းမဆို မွန်မြတ်တဲ့စိတ်ထားနှင့် ကူညီပေးတက်သော ကမ်းလက်တိုင်းက တန်ဖိုးချင်း တူညီသည်မို့ ကိုးကွယ်ရာဘာသာတိုင်းက လေးစားဖွယ်ရာပေတည်း။
မွန်မြတ်သောစိတ်ထားကို ကြိုးစားကျင့်ယူမွေးမြူရမည့်စိတ်သဘောထားဟူသည် မိမိကိုးကွယ်ရာ ဘာသာတရား၏ အဆုံးအမသော်လည်း ဟောပြောပြသခဲ့သည်မဟုတ်ပါလား။
အဝတ်အစားသေသပ်လှပနေသော ဖိုးသာထူးက မြောက်ကြွကြွ ဟန်ဖြင့် အပြင်ထွက်လည်ရမည်ဆိုတဲ့ စကားကြောင့် တစ်ညလုံးအပျော်ကြူးနေဟန်ကို မထိန်းနိင်စွာ လွန်ခဲ့နှစ်က အားကစားမှာဆုရလို့ ဝယ်ပေးထားဖူးသော walking shoe အဖြူအနီလေးကိုစီးပြီး လမ်းလျှောက်နေပုံက ခပ်မိုက်မိုက်ပုံစံဖြင့် မော်ကြွားကြွား။
မိဝေသားက သိပ်ပဲများသည်လေ။
အညာသားကလေး အပြင်လည်ရင် ခပ်ကြွားကြွားမို့ ဟိုခေတ်က တောဂေါ်လီ သူဌေးသားစတိုင်/မလိူင်နဲ့ ဖိုးသာထူး၏ ဂိုက်ပေးကြမ်းနေမူကိုကြည့်ပြီး လက်နှစ်ဖက် ခါးထောက်ကာ သားဖြစ်သူဖိုးသာထူးကိုမျက်စိဒေါက်ထောက်ကြည့်၍ ကိုယ့်အတွေးနဲ့ကိုယ် တဟားဟားအော်ရယ်ချင်လာသည်အထိ။
"တောဂေါ်လီ ဖိုးသာထူး..."
" ဘာပြောတာလဲ အဖေ...."
" ဘာမှ...ဘာမှမဟုတ်ဘူး..."
ပုဆိုးနက်ကွက်ပြာကိုအပေါ်က shirt လက်ရှည်အဖြူလည်ကတုံးလေးကို တစ်ထောင်ထိခေါက်ပြီး ပြင်ဆင်နေသော ကိုသာထက်က ဘုန်းကြီးကျောင်းသွားမည့်အလား တည်ငြိမ်လွန်းလှသည်။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasíaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်