အပိုင်း(၁၅)

12.7K 792 46
                                    

—-

" သားကြီး ဘာသတင်းထူးသေးလဲ " မျှော်လင့်အချက်အပြည့်ဖြင့် အမေးစကားဆိုလာသော ဖေဖေကိုကြည့်ပြီး အားနာစိတ်တို့ဖြင့် ခေါင်းငုံ့ကာ ခေါင်းရမ်းပြမိသည်။

" သားတောင်းပန်ပါတယ် ဖေဖေ၊ လူအင်အားတိုးပြီး ငယ်လေးကို ဆက်တိုက်ရှာဖွေပါ့မယ် ဖေဖေ"

" အေး...အေး..." ပါးစပ်ကသာ အေးပါကွာ*ဟု တစ်ဖက်သားငြိမ်းချမ်းစေမည့်စကားပြောဆိုနေတဲ့ ဖေဖေရင်ထဲ ဘယ်လောက်တောင် ကမ္ဘာပျက်ပြိုလဲနေမလဲ ဆိုတာ မေးမကြည့်စရာမလိုတွေးကြည့် ရုံဖြင့် အလိုလိုမြင်တွေ့နိုင်ပြီလေ။

ငယ်လေးပျောက်သွားတယ် ဆိုတဲ့ နေ့ကတည်းကအစ အစားအသောက် ပုံမှန်ထက် လျော့လာပြီး ညဘက်တွေလည်း အိပ်စက်မူနည်းခဲ့တဲ့ ဖေဖေကိုကြည့်ပြီးတစ်အိမ်လုံးကပါ သောကများရပြီလေ။ မေမေဆိုတာ ပြောစရာမလိုအောင်ကို နလန်မထူနိုင်အောင် ပြိုလဲနေတဲ့စိတ်ရောပေါင်းပြီး အမျိုးနီးစပ်ရာ မိသားစု ဆရာဝန်က နေ့ရောညပါ လာရောက်ကြည်ရူ့နေရပြီ။

" ဖေဖေ....."

" အေး.......ဖေဖေ အနားယူပါတယ်ကွာ...."

ပြောချင်သော စကားတို့ကို ထိပ်ကပိတ်ကာ လက်ကာပြရင်း ခေါင်းညိမ့်ပြနေတဲ့ ဖေဖေမျက်ဝန်းတွေက သိသိသာသာ ညိုးနွမ်းနေခဲ့သည်။

အလုပ်ကအပြန် အိမ်ဝင်လာသော ကျွန်တော်ကို မပြောင်းလဲသောအမေးတွေနဲ့ ပူပင်သောကများနေသော ဖေဖေက ပူပင်စိးရိမ်မူတို့မထိမ်းနိုင်စွာ။ သောကတွေ ပိုက်ထားရတဲ့ မိခင်တို့ကို ငဲ့ညာလို့ အလုပ်ပြန်ညနေတိုင်း အိမ်ဝင်မိသည်။

" ဖေဖေ....ကျွန်တော်တာဝန်ထားပါ..."

" မဟုတ်သေးဘူး သားကြီး...ဖေဖေတို့....ဖေဖေတို့မှာ တာဝန်အရှိဆုံး...သားသားက ..."

" ဖေဖေ..."

" သားသားက ဘယ်မှ သွားတက်သေးတာမဟုတ်ဘူး သားကြီး၊ နောက်ပြီး..ဖေဖေတို့ကလေးက ချို့ယွင်းချက်နဲ့လေ ....ဖေဖေ ဘယ်လို ဖြေရမလဲ သားကြီး....ဖေဖေ မှားခဲ့တာပါကွာ...ဖေဖေ မှားတာ..."

မျက်ရည်ကြည်တို့ ဝေ့ဝဲစီးဆင်းနေတဲ့ ဖေဖေမျက်ဝန်းကရောင်တွေအကြောင်း ကိုယ်ကိုတိုင်အသိဆုံးမို့ အသည်းနာမဆုံး။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now