အပိုင်း(၃၂)

10.8K 644 55
                                    


" ငယ်လေး...ဖြေးဖြေးလေးဆင်းနော်.."

" ........." ခေါင်းညိတ် ၍သာ တုန့်ပြန်သည့် အမျိုးသားငယ်ရယ်ပါ။

" ကလေးကို ကျွန်တော်ပေးပါဆရာ...."

ဆေးရုံဝန်းထဲ ဝင်ဝင်ချင်း ကားမှန်ထဲကတဆင့်အပြင်ကိုငေးမောမိတော့ မြင့်မားသော အထပ်များစွာနှင့် ခံ့ညားလွန်းသော အထူးကုဆေးရုံကြီး ဖြစ်နေသောကြောင့် ဖိုးသာထူးကိုပွေ့ထားတဲ့ ဘေးကလူဆီတစ်ချက်ကြည့်မိသည်။

" ကလေးက အပြင်းဖျားနေတာလေ...ဒီမှာ ပိုစိတ်ချရတာပေါ့...ကိုယ်စီစဉ်ပေးမှာမို့စိတ်ချနော်.."

" ဟုတ်..."

ဆေးရုံစင်ဝင်အောက် ကားရပ်ရပ်ချင်း ကားဘေးနားတန်းစီရပ်နေသော အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ထားသည့် လူများစွာ ဝန်ရံခြင်းကို ခံလိုက်ရသည့်မို့တစ်ချက်တွန့်သွားတဲ့ ကိုယ်လုံးငယ်လေးကို ဘေးတစောင်းမြင်နေရသည့် ပြေ့ဘုန်းမာန်တယောက် ငယ်လေးအား ထိန်လန့်မသွားစေရန် မိမိတို့ကို ကာကွယ်ပေးသော လူများဖြစ်ကြောင်းရှင်းပြနေမိသည်။

အပြင်းဖျားနေတဲ့ ဖိုးသာထူးလေးကို စင်ဝင်အောက်နား တန်းဆီရပ်နေတဲ့အဖြူရောင်ဂျူတီကုတ်များဝတ်ဆင်ထားတဲ့ဆရာဝန်များနဲ့ nurseများက တွန်းစင်လေးဖြင့် အရေးပေါ်ခန်းထဲ သယ်ဆောင်သွားကြသည်။ မိမိမှာသာ အားနည်းချက်နဲ့မို့ ဖိုးသာထူးနောက်ပြေး၍ မလိုက်နိုင် ကားပေါ်မှဖြေးဖြေးဆင်းကာ ဖိုးသာထူးကို ဆရာဝန်တွေဝန်းရံကာ သွားနေသည့်လမ်းတစ်လျှောက်ငေးနေမိသည့် မိမိအဖြစ်ကြောင့် ကိုယ့်ကိုကိုယ် အားမရနိုင်ခဲ့။

" ဘာမှမဖြစ်ဘူး....ကိုကို မင်းဘေးမှာရှိနေမှာမို့ ခုလိုတွေ မတွေးပါိနဲ့လား...ဖြေးဖြေးဆင်း...ပုံမှန်လေးပဲစိတ်ထဲထား...ကိုယ်အကုန်အဆင်ပြေအောင်လုပ်ပေးမှာမို့....နော် ငယ်လေး..."

ဖိုးသာထူးနောက် ကပ်လျက်ပါသွားသော ချစ်ရသူကြီးရဲ့လက်ထောက်က ပြုံးလျက်ခေါင်းညိမ့်ပြကာ ကပ်လျက်လိုက်ပါသွားသည်လေ။

ဖိုးသာထူးလေး ကြီးကြီးမားမား မဖြစ်ပါစေနဲ့ လို့ ဘုရားသခင်ဆီမှာ တောင်းဆုပြုနေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now