အပိုင်း(၃၄)

10.2K 575 39
                                    

"May Entertainment မှမျက်နှာသစ်အဆိုရှင်များဖိတ်ခေါ်ပွဲ" စသည့် ခေါင်းစဉ်ဖြင့် နေ့ရက်နှင့်အချိန်၊ နေရာပါမကျန် ၁မိနစ်စာ မိမိကိုယ်တိုင်သီဆိုထားသော video recording လေးအား May Entertainment ရဲ့ အဆိုရှင်သစ်များ ဖိတ်ခေါ်ပွဲ ရုံးချုပ်ဆီ ပေးပို့ ပေးရန် ကြောငြာချက်ကို social media ပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြောထားသည်မှာ လူပြောများလာသည်အထိ။

လူတွေ့ ဖြေဆိုရမည့် နေ့ရက်/အချိန်/တည်နေရာကအစ ဖော်ပြထားပြီး May Entertainment ဆီသတ်မှတ်ရက်အတွင်း form တင်ထားသော လူငယ်ဝါသနာရှင်များဆီ သက်ဆိုင်ရာ ph no မှတဆင့် ပေးပို့ထားပြီးလည်းဖြစ်၏။

ဒီနေ့.....ဗန်လွယ်အွေ့ ကိုယ်တိုင်အများသူငါကြားထဲ ရဲရဲဝင့်ဝင့်လျှောက်လှမ်းဝင်မည့်နေ့။

ဒီနေ့...ဘုရားသခင်ပေးသနားလာသော မြင့်မြတ်တဲ့နှလုံးသားနဲ့ အဘ်ိုးဆီကသင်ကြားလာခဲ့ဖူးသော ဂီတပါရမီကို ဖွင့်ချခွင့်ရသည့်နေ့မို့ စိတ်လူပ်ရှားနေမိသည်ကအမှန်။

ဖိုးသာထူးဆေးရုံရှိနေစဉ်အတွင်း ချစ်ရသူကြီး တင်ပေးထားသော form စာရွက်လေးကြောင့် လူတွေ့လာရောက်စေရန် ဖိတ်ခေါ်ခံရသည်မို့  သတ်မှတ်ထားသည့်အချိန်ထက် စောစောသွားရန် လွယ်အွေ့ ဆုံးဖြတ်ထားသည်လေ။

မနေ့ညကတည်းက ကြိုတင်လေ့ကျင့်ထားသော social media ပေါ်က တီးကွက်လေးကို အတုယူကာ ကိုယ့်အသံနေအထားဖြင့် လိုက်ဖက်ညီမည့် တောင်ပေါ်တေးသီချင်းလေးတစ်ပိုဒ် သီဆိုရန် ပြင်ဆင်ထားမိသည်။

ချင်းတိုင်းရင်းသား လေး ဗန်လွယ်အွေ့...တောင်ပေါ်သားလေးဖြစ်သည့်အလျှောက် သာယာလှသည့် အမိမြေချင်းတောင်တန်းနှင့်သက်ဆိုင်သော တေးတစ်ပိုဒ်အား ၁မိနစ်စာ လူတွေ့ဖြေဆိုခြင်းသင်ခန်းစာမှာကိုယ်ပိုင် ဂစ်တာလေးကို ဆွဲကိုင်ပြီး ဒိုင်တွေရှေ့ သီဆိုပြချင်သေးသော ချစ်စရာ တောင်ပေါ်တေးလေးတစ်ပိုဒ်။

" အဆင်သင့်ဖြစ်ပြီလား...ကိုငယ်.."

" အင်း..."

" ဟိုကြ ဘာမှစိတ်လူပ်ရှားမနေနဲ့ ..ငါ့မောင်ဝါသနာကို မိဝေသိထားပြီးမို့ သေချာပေါက် ရွေးခံရမှာ ကိုငယ်...နေအုံး....ခဏ..."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now