" ဖြစ်ပါ့မလား ကိုသာထက် ကျုပ်တို့ကြောင့်တော့ သူ့ကို မပင်ပမ်းစေချင်ဘူး"" ခုက သူ့ဝါသနာကို တို့က လမ်းကြောင်းပေါ် တင်ပေးရမယ်လေ.. ငါတို့မိသားစုထဲ နေလို့ အစားစားရဖို့ မကြောင့်ကြရပေမယ့် ငါတို့ အမြင့်တင်ပေးနိုင်ဘူးလေ မိဝေရာ..နင်စဉ်းစားကြည့်ပါ ...ဒါ သူ့တက်လမ်းပါ ..နောက်ပြီး သူစိမ်းနေရာမှ သွားနေတာမဟုတ်..နင့်အစ်ကိုဆိုင်လေ..."
အိမ်ရှေ့ ကွတ်ပစ်လေးပေါ် လင်မယားနှစ်ယောက် ဆွေးနွေးနေသည်ကား ကိုငယ်ကို မနက်ဖန် အစ်ကိုမျိုးဆိုင် ပို့ပေးရန်ကိစ္စ ဖုန်းဆက်အကြောင်းကြားလာသည်မို့။
အောင်မြင်ဖို့ အလားအလာရှိတဲ့ကလေး။
မွေးရာပါ ဂစ်တာတီးကျွမ်းကျင်သည့် ပါရမီရှင်လေးမို့ ကိုယ်လို တဲကုပ်မှာ မည်သို့မျှ မအောင်မြင်နိုင်၊ သွေးသားမရောသည့် ညီငယ်မောင်ငယ်မို့ မိဝေစိတ်မချနေသည်မှာ အညာသူမကြီး၏ မျက်နာပြင်ပေါ်က စိုးရိမ်မူများက အထင်သား။
ခက်ပြီမိဝေ.....မိဝေတို့က သံယောဇဉ်သိပ်တွယ်တာပါရော....။
" ကျုပ်စိတ်မချတာ ကိုငယ်က ကျုပ်တို့လို တခုခုဆို ရန်တွေဘာတွေလည်း မဖြစ်ဖူးဘူးတော့....လူစိမ်းတွေကြား ကိုငယ် အားငယ်နေမှာ ကျုပ်မှာ အဲ့အကြောင်း တွေးရင်း ရင်ပူရတယ်တော့ ...သူက ဘာမှသိတက်တာမဟုတ်သေးဘူး..သူထက် အိမ်က ဖိုးသာထူးကမှ လည်သေး..."
" နင်ပြောတာ နားလည်တယ် မိဝေ...ဒါပေမယ့် သူ့ အနာဂတ် ၊ သူ့တက်လမ်းလေ ငါတို့ တက်နိုင်တဲ့ဘက်ကနေ မြေတောင်မြှောက်ပေးသည့်တယ်မဟုတ်လား....သူကိုငါတိုလို သာမာန်လူလို ငါအဖြစ်မခံနိင်ဘူးမိဝေ..."
" ကျုပ်နားလည်ပါတယ်ဆို ..တော်က တမျိုး....ကျုပ်ဖြင့် အပြင်ကနေ သာ အဲ့ကလေးတခုခု ဖြစ်လာရင် ငိုမိမှာတော့ ...."
" အေးပါကွာ...ဘာမှမဖြစ်စေရဘူး ...ငါတို့အဖွဲ့က သူကို တယောက်မအား တစ်ယောက်လိုက်ပို့ပေးမှာပါဟ..နေ့ချင်းညချင်းရွေ့မှာမဟုတ်သေးဘူးလေ..."
" အင်းပါ....ကျုပ်ရေချိုးတော့မယ်..."
" အေး..."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်