" မိဝေ ကျက်ပြီလား ဟ...."
မကျဉ်းမကျယ်သော အိမ်ငယ်လေးကို သန့်ရှင်းရေး လုပ်ပြီး အိမ်ခေါင်းရင်းတည့်တည့်က မန်ကျည်းပင်ကြီးအောက် ဖျာကြမ်းကြီး တစ်ခု ခင်းကာ အပေါ်ထပ်ကနေ သင်းဖြူးဖျာတစ်ချပ်ခင်းထားလိုက်သည်။ ပတ်ဝန်းကျင်အနှံ့အမိူက်သရိုက် ကင်းစင်အောင်ရှင်းထားသည်မို့ ခြံတစ်ခုလုံး သန့်ရှင်းနေမိ၏။
ကိုတိုးကြီးတို့အဖွဲ့အိမ်လည်လာမည်ဆိုသောကြောင့် အိမ်ငယ်သော်လည်း သန့်ရှင်းအောင် ထားမိသည်။ ဖိုးသာထူးနဲ့ကိုငယ်က ခေါင်းရင်းရေချိုးကန်မှာ နှစ်ယောက်သား ဆူညံညံ ဆူပွက်သံလေးတွေ ပလုံဆီစွာ ရေချ်ုးနေကြသေး၏။
ခင်းထားသော ဖျာခင်းပေါ် စားပွဲပုတစ်လုံးချကာ ပန်းကန်များကို ဆေးကြောကာ နေရာချထားမိသည်။ ယောကျာ်းလေးများအဖွဲ့ကြချိန် အသောက်အစားလေးက မပါမဖြစ်မို့ မိဝေကို မနက်က ပင်လယ်တချို့ဝယ်ပေးကာ ကင်စေသည်၊ တချို့တဝက်က်ို ချက်ပြုတ်ထားစေသည်လေ။
အရည်သောက်ချဉ်စပ်ဟင်းချို တစ်ချို့ကိုပါ ချက်စေ၍ ကိုငယ်အကြိုက် ငါးခဲပတ်၊ ငါးသံပုရာကိုတော့ Seven star ပိုင်ရှင် ကိုမျိုးကြီးကို ယူလာစေရန် ညကတည်းမှာထားပြီးသား။ ကိုယ့်ညီအကြိုက် အရသာအချိုးအစက အစ အသေးစိတ်မှာထားသည်မို့ ကိုမျိုးကြီးကတောင် အော်ရယ်သည့်အထိ။ သွေးမတော်သားမစပ်သည့် အမျိုးရင်းတွေမို့ ထိုကလေးရဲ့ အတိတ်ကအကြောင်းမသိချင်သလို အကြောင်းအရာတစ်ခုကိုမျှ လင်မယားနှစ်ယောက်လုံးကမမေးခဲ့ကြ။
တနေ့နေ့ တစ်ချိန်ချိန် လွယ်အွေ့ပြောလာမည်က်ုသာ ယုံကြည်ပြီး စောင့်နေတယ်လေ။ ကိုယ့်အရိပ်အောက်ရှိနေတဲ့ခဏတာလေး ထိုကလေးကို ညီလိုတသွယ်၊ သားလိုတမျိုး စောင့်ရှောက်ရမယ့် တာဝန်ကို လင်မယားနှစ်ယောက်က စေတနာသန့်သန့်ဖြင့် ကူညီပေးကြရမည်မဟုတ်လား။
လိုအပ်လို့ ကိုယ်အရိပ်အောက်ခိုဝင်လာတဲ့ အားနည်းချို့တဲ့ကလေးကို ပို၍ တိုးကာ စောင့်ရှောက်ရမည်လေ။" သားဖိုးထူး...ကိုငယ် ရေချိုးကြာနေပြီနော် ...မိဝေက အော်တော့မယ်"
ရေချိုးကန်နားက ရေဆော့နေတဲ့ ကလေးနှစ်ယောက်ကို အာဗြဲစိန်မ မိဝေမအော်ခင် သတိပေးထားရသည်မို့ " ဟုတ်ကဲ့ဗျ" ဆိုတဲ့ ကိုငယ်အသံလေးက ချိုကြည်စွာ ပေါ်လာတော့ ခေါင်းရမ်း၍ ပြုံးမိသည်။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
خيال (فانتازيا)သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်