" အစ်ကို....."
ကားပေါ်စတက်ကတည်းက ဘာစကားတစ်ခွန်းမှထွက်မလာပဲ ကားကိုသာ ဂရုစိုက်မောင်းနေတဲ့ အစ်ကိုကို့ကြည့်ပြီး ကိုယ်လုပ်ရပ်က မမှန် မှန်းသိပေမယ့် အမှားမရှိခဲ့ပြန်ဘူး။ ကိုယ့်အခြေအနေနဲ့အခက်အခဲမို့ ဝင်ခိုမိတဲ့ အစ်ကိုတို့မိသားစုမေတ္တာရင်ခွင်အပေါ်မှာ တမင်လိမ်ညာခဲ့ခြင်းမရှိသော်ငြား လုံးဝဥဿုန်မှန်နေမယ်မဟုတ်မှန်း သိထားပြန်တယ်။
" အစ်ကို"
" အင်း..."
တစ်ခွန်းထဲသော *အင်း ကို ဖွင့်ဟပြောပြီး တိတ်တဆိတ်ကားမောင်းနေတဲ့ အစ်ကိုပြောစကားကြောင့် ခေါင်းလေးညိမ့်ပြီးတော့သာ တိတ်တိတ်နေမိသည်။
ကိုယ့်တွေ့ကြုံခဲ့ရတဲ့ အခက်အခဲများကို ခေါင်းထဲ အစီအရီ မီးမှောင်းထိုးပြပြီး အတွေးပုံရိပ်ဝယ်ပေါ်လာစဉ် မွန်းကြပ်မူတွေနဲ့အတူ* ဒုက္ခိတ ဆိုတဲ့ ခေါ်ဝေါ်သံတွေက နားထဲ ပဲ့တင်သံကြားနေရပြန်သည်။
ဘယ်အရာကစမှားခဲ့လဲ မသိပေမယ့် ဂစ်တာလေးပိုက်ကာ ကျောပိုးအိတ်လေးလွယ်ထားပြီး ကားလမ်းမဘေးမတ်တပ်ရပ်၍ ကိုယ့်taxi ကား တားစီးခဲ့စဉ်ကတည်းက ထင်မထားမိတဲ့ သူ့ပုံရိပ်ကိုမြင်ပြီး သက်ပြင်းချမိသည်။
ကိုယ့်အမှားလား ၊ သူ့အမှန်လားမသိပေမယ့် ကိုယ်တွေလှည့်စားခံရတယ် ဆိုတာ မျိုး ခံစားချက်ကြီးမို့ အော်ထည့်လိုက်ရမလား၊ ဆူငေါက်လိုက်ရမလားမသိပေမယ့် ရင်ထဲ အတော်မွန်းကြပ်နေမိပြန်သည်။
ကိုယ်ခေါ်လာခဲ့သမျှ ဘာမှမသိပဲ အိမ်ပေါ်တင်ကာ ကျွေးမွေးလက်ခံထားတဲ့မိဝေများ ခုလိုအခြေအနေကိုသိသွားရင်......။
ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်အပေါ် ကိုယ့်အစ်ကိုလို သာမာန်ထက်ပိုပြီး တွယ်တာဖက်တွယ်လွန်းတဲ့ ဖိုးသာထူး....။
*ဒုက္ခိတလေးရယ် သနားခဲ့ပြီး အိမ်ပေါ်ခေါ်လာခဲ့တဲ့ ကိုယ်တိုင်သော်လည်း မှားနေသလား ။
လူလိမ်ခံရတက်တယ်ဆိုတဲ့ ဇာတာများ နက္ခတ်မှားပြီး ပါလာလေသလား....။
မိဝေမှာများ ဇာတာခွင်မှားနေသလား....။
" တောင်းပန်ပါတယ်...."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်