အပိုင်း( ၃၉)

9.3K 533 25
                                    


" ကလေးက ငိုထားတာလား.."

ကားပေါ်ကဆင်းဆင်းချင်း ဧည့်ခန်းထဲဝယ် သတင်းစာဖတ်နေသော ဖေဖေက ငယ်လေးကိုတစ်ချက် မော့ကြည့်ပြီး ကိုယ့်ဘက်ကိုဦးတည်မေးလာသောဖေဖေ့စကားကြောင့် မျက်ခုံးလေးအသာပင့်ကာ ရယ်နေမိသည်။

" မဟုတ်ဘူး ဖေကြီး...သားမငိုဘူးရယ်.."

" ဟိုကောင်...သတိထားနေ ! "

" ဟုတ်ကဲ့ပါခင်မျ.."

Formal suit နက်ပြာရောင်ဝတ်ကာ ရယ်ကျဲကျဲမျက်နှာပေးဖြင့် မီးဖိုထဲက နွားနို့ခွက်လေးကိုင်ကာထွက်လာသော မေမေဆီကိုသွားကာ နွားနို့ခွက်ကို လက်လွဲယူလိုက်မိသည်။

" မိစုတို့မရှိဘူးလား မေမေ "

" ဟင်းချက်နေလို့ပါသားရယ်...အဲလောက်တော့ မေမေ သယ်နိုင်ပါသေးတယ်.."

" ဘယ်ဟုတ်မလဲမေမေရာ...အပူကြီး လွတ်ကျမှဖြင့်...ထိခိုက်ကုန်ပါ့မယ် "

" သားမာန်က စိတ်ပူနေပြန်ပြီ...ဘာမှမဖြစ်တာကို..."

" အဟမ်း! အဲ့လောက်မိဘအပေါ်သိတက်နေ မင်းအတွက်နဲ့ မင်းအမေမျက်ရည်ကျစရာ အကြောင်းမရှိဘူး...ခုမှ လာကပ်မနေနဲ့....သွားတော့...မျက်စိနောက်တယ်..."

သတင်းစာကို လက်ကကိုင်က ကိုယ့်ကိုအမြင်မကြည်သေးတဲ့ဖေဖေစကားက ကလေးကြီးတစ်ယောက်စိတ်ဆိုးနေသလိုမျိုးမို့ ပြုံးလျှက်သား ခေါင်းညိတ်နေမိသည်။

ဖေဖေ့စကားကြောင့်ချစ်ရသူဆီစိုးရိမ်မျက်ဝန်းတွေဖြင့်အကြည့်ပိုလာသည့် ငယ်လေးကို ဘာမှမဖြစ်ပါဘူးဆိူတဲ့ သဘောဖြင့် ပြုံးလျှက်သား မေးဆတ်ပြမိ၏။

မေမေ့ကတော့ ခင်ပွန်းဖြစ်သူစကားကြောင့် စိတ်မကောင်းခြင်းများစွာဖြင့် လက်ကလေးကိုဆုပ်ကိုင်ကာ နစ်သိမ့်ပေးနေရှာသေး၏။

" သား အစည်းအဝေးရှိလို့သွားမယ်မေမေ....ညနေမှငယ်လေးကို လာခေါ်လှည့်မယ်..."

" လာမခေါ်နဲ့ ..."

" ဖေဖေ ဘာတွေလုပ်ထားတယ်ဆိုတာ သားသိတယ်နော် ၊ လုပ်ထားပေါ့ ဖေဖေရာ...ပြေ့ဘုန်းမာန်က ထူးပြီး ပြိုလဲနေမှာမဟုတ်ဘူး အကျနာတုန်း ခဏပဲဆိုတာဖေဖေကိုသိစေချင်တယ် "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now