အပိုင်း(၅၃)

7.1K 392 22
                                    


" Vacation ကို ဘယ်သွားချင်လဲ ငယ်လေး....."

" သားက အဲလိုတွေ မသိဘူး ကိုကိုကြီး၊ တစ်ခါမှလည်း မထွက်ဖူးဘူးလေ ...."

ကလေးငယ်ရဲ့ ဖြေဆိုသံတို့ကြောင့် ဂစ်တာကိုင်ထားသော ပြေ့ဘုန်းမာန်ရဲ့လက်တွေက တင်းကျပ်လာခဲ့ပြီး ရင်ထဲတစ်နေရာ ပိတ်ဆို့နေခဲ့သည်။

" .........." ဘာရယ်မဟုတ် သိလိုစိတ်ဖြင့်စူးစမ်းမိလိုက်သည့်အခိုက် အတိတ်နေ့ရက်တွေဆီ ဆွေးဆွေးမြေ့မြေ့ ဖွင့်ဟချင်နေရှာသော လွယ်အွေ့လေးရဲ့ မနိုင်မနင်းထမ်းပိုးခဲ့ရပုံတွေကို ဘုန်းမြတ်ဟန် ခေါင်းလေးညိတ်ပြရင်း အစဆွဲထုတ်နေမိသည်။

" သားငယ်ငယ်တုန်းက ဝေတဝါးနေ့ရက်တွေအကြောင်း ပြန်ပြောဖြစ်ရင် ကိုကို့က သားကိုအားနာစိတ်တွေ ဖြစ်လိမ့်နေမယ် ထင်တယ်ကိုကိုကြီး ။ တစ်ချို့ညတွေဆို ကိုကို့က ကျွန်တော်ခြေထောက်ကို ကြည့်ပြီး ကိုကို့ခံစားနေရတာ သားသိထားတယ်..."

" ပြီးခဲ့ပါပြီ ငယ်လေးရာ....ကိုကိုကြီးပြောသလို အကောင်းဆုံးတွေဖြစ်ပေါ်လာဖို့ အဆိုးဖြစ်ရတယ်တွေးပြီး ဖြေရမှာပေါ့....."

" ဟုတ်တယ်နော်....သားဘဝ အနှစ် နှစ်ဆယ်နီးပါး ခြေတစ်ဖက်ကျိုး ထော့နှဲ့ဘဝကနေ ဘဝသစ်စရတော့မယ် ..သူများတွေက အသက်၄၀မှ ဘဝစတယ်ဆ်ိုတော့ သားက တစ်ဝက်မှီသေးတာပေါ့.."

မချိမဆန့်ရင်တွင်းအနာကို ဟာသတစ်ပုဒ်အဖြစ်အသွင်ပြောင်းကာ ထုတ်ဖော်လာသည့် ကလေးငယ်ရဲ့ ထိခိုက်ရှနာတွေကို ဂစ်တာအိုကိုင်ထားရင် ပြေ့ဘုန်းမာန်ငေးကြည့်နေမိသည်။

မနှစ်သိမ့်၊ အားမပေးချင်သေးပါလေ....။

ကလေးငယ် သယ်ပိုးထားရတဲ့ ဒဏ်ရာဟောင်းကို ရင်နာနာဖြင့်နားစိုက်ထောင်မိ၏။

" ဒါပေါ့...."

မီးလင်းဖိုမှလာသော အပူရှိန်က ထိုင်ခုံ လေးလုံးရဲ့အလယ်မှာ လရောင်အားကိုးဖြင့် အအေးထက်ကို ကာကွယ်နေသရောင် ကလေးငယ်က wheelchair လေးပေါ်ထိုင်ရင်း ချည်ပဝါကြီးတစ်ထည် လွှမ်းခြုံကာ beer ဗူးကိုင်၍ အတိတ်နေ့ရက်တွေကို အစ်ကိုဖြစ်သူထံရင်ဖွင့်ချင်နေပုံပေါ်သည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now