အပိုင်း(၃)

14.4K 962 15
                                    


" အင်း...မနက်ဖန်ညနေ US ကိုပြန်ဖို့ air ticket ဖြတ်ပြီးပြီ၊ ငါနဲ့လက်မှတ်ထိုးရလို့သူအတွက် နစ်နာကြေး အနေနဲ့အဲ့ condo ကိုသူ့အမည်ဖြင့်လွဲခဲ့ဖို့ငါ လွှဲထားပြီးပြီ၊ နောက်ပြီး နစ်နာကြေးကိုလည်း ပေးအုံးမှာပါ "

" မဟုတ်သေးဘူး ဘုန်းမာန်၊ သူရဲ့ ခံစားချက်ကို ထည့်တွေးရမယ်၊ သူ့စကားသံကိုလည်း နားထောင်ရမယ်ကွ ၊ သူ့သဘောထားကို မေးပြီးမှ ဆုံးဖြတ်သင့်တယ်လေ တစ်ဖက်သတ်ကြီး ဆန်မနေဘူးလား "

" ဘယ်လိုထင်မြင်ပါစေ ငါဂရုစိုက်မနေဘူး သော်စစ်၊ ငါအကုန်စီစဉ်ပြီးနေပြီ တချို့တဝက်ပစ္စည်းတွေလည်း condo မှာ ထည့်ထားပြီးပြီ၊ သူ့ကိုငါပေးတဲ့ နစ်နာကြေးက မနည်းပါဘူးဟ...ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရပါတယ်....သူလိုဒုက္ခိတအတွက် မနည်းတဲ့ငွေကြေးပမာဏပါ "

" ဒီမှာ ဘုန်းမာန် ငွေက နေရာတကာ မဖြေရှင်းပေးနိုင်ဘူး ၊ အလောတကြီး ဆုံးဖြတ်ချက်မချပါနဲ့ တကယ့်နှစ်နာတဲ့သူတွေကလည်း ခံစားတက်တယ်ကွ! "

" တော်တော့ သော်စစ်၊ မင်းကသာငါ့ခံစားချက်ကိုနားလည်ပေးနိုင်မယ်ထင်လို့ ခုလိုရင်ဖွင့်မိတာ...ငါကိုတားမြစ်နေမယ်ဆို မင်းကိုပါ neglect လုပ်ရလိမ့်မယ် "

" မင်းသဘောပဲ....အကယ်၍ တချိန်ချိန်မှာ မင်းထင်နေတာ လွဲမှားနေရင်မင်း ဘာနဲ့ပြန်အလျော်ပေးမလဲ ဘုန်းမာန် တွေးထား ...."

" ဘယ်လို results မျိုးမဆို ငါက welcome ပဲ "

" အေးပါ...အပြောကြီးထားအုံးပေါ့"

ခက်တယ် ဘုန်းမာန်ရာ ၊ ဒုက္ခိတလည်းလူပဲမို့ ခံစားတက်တဲ့နှလုံးသားရှိတယ် ၊ ကိုယ်အဂ်ါချို့တဲ့ပေမယ့် အသိဉာဏ်ပညာဝေဖန်ပိုင်ခြားနိုင်စွမ်းတွေ ရှိသေးတယ်။ လူထဲက လူပဲမို့ ငါတို့က ရှောင်ဖယ်မထားဘဲ ချို့တဲ့နေတဲ့လူတွေကို လက်တွဲရမယ်လေကွာ ၊ ခု မင်းလုပ်ပုံက ချို့တဲ့ နေတဲ့သူကို ထိုးချနေသလိုဖြစ်နေပြီ ပြေ့ဘုန်းမာန်။

" ငါ သူကို တွေ့ဖို့ဖြစ်န်ိုင်မလား "

" ဟင်းအင်း မဖြစ်နိုင်လောက်ဘူး သူကို အဖေက သံကွန်ခြာ ခုနှစ်ထပ် နဲ့အုပ်ထားတာ ၊ ငါအပေါ်သာ တင်းမာသလောက် အဖေက သားငယ်လေးဆိုပြီး ပါးစပ်ဖျားက မချဘူး ဘာမှမက်မောစရာမရှိတဲ့အဲ့ဒုက္ခအိုးလေးကြ ပွေ့ပိုက်မတက်ပဲ ....ကလေးများ မှားမွေးလာသလို...ငါကတော့ $ရူးလိုပဲ "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now