" မဖြစ်လို့ပါ ငယ်လေးရာ.....ကိုကိုတကယ်မဆိုတက်ဘူး....."" ဟင်းအင်း....."
Wheelchair လေးပေါ်ထိုင်လိုက် တစ်ခါတရံ ချိုင်းညှပ်လေး အားပြုပြီး အစမ်းလျှောက်ကြည့်ခြင်းဖြင့် ပြန်လည်လေ့ကျင့်ခန်း လုပ်နေသောအချိန် အလုပ်ကပြန်လာသည့် ခင်ပွန်းဖြစ်သူပြေ့ဘုန်းမာန်ကို တစ်ခါမှမဂျီကျစဖူး ဂျီကျထူးနေတဲ့ ဗန်လွယ်အွေ့လေးက ဂစ်တာတီးသီချင်းဆိုပြရန် တောင်းဆိုလာပြန်သည်။
" ကိုယ်တကယ် မရလို့ပါနော်...."
" ဆိုပြလို့...ကိုကိုကလည်း..."
" က်ိုကို့တကယ် မဆိုတက်လို့ပါ ငယ်ရယ်..."
" လာမခေါ်နဲ့....."
" ငယ်လေးးးး! "
" ခင်များကြီးနဲ့ စကားမပြောဘူး..! "
" ဟားးးးငယ်ရေ...ငယ်လေးရေ......"
ချိုင်းညှပ်လေးကို အားပြုပြီး ထော့နဲ့ ထော့နဲ့ဖြင့် အရံသင့်ဖွင့်ထားမိသည့် အခန်းတံခါးမှဖြတ်၍ နူတ်ခမ်းလေးစူကောက်ကာ စိတ်ဆိုးသွားသော ကလေးငယ်နောက် အကျီချွတ်လျက်သား နောက်ကလိုက်မရလို့ အော်ဟစ်တားနေပါသော်လည်း ကလေးပေါက်က ဘာစိတ်ကူးပေါက်ကာ အခန်းပြင်ထွက်သွားလေသည်။
" ငယ်လေး..ကိုယ့်ကို စောင့်....ခဏလေး....အရမ်းအရဲမကိုးနဲ့......"
".........."
" ငယ်လေးရေ......"
နောက်ပါးဆီခေါင်းလှည့်မကြည့်ပဲ ဘေးကပ်ရပ်ပြန်လည်ပြုပြင်ပေးထားသော lift မှတဆင့်အောက်ထပ် ဖေဖေတို့အားကိုးဖြင့် ဒီကောင်ကြီးကို လူဆိုးဖြစ်ရတော့မည်။
ဖေဖေတို့အမြင်မှာ ပြေ့ဘုန်းမာန် ဘယ်တုန်းကမှ လူကောင်းမဖြစ်ခဲ့ပါ။ ထိုကလေးငယ် စိတ်ကောက်သွားချိန်ဆို ပိုဆိုး၏..သို့ပေမယ့် ဒါလေးကိုမှ ကျေနပ်ကြည်နူးနေရခြင်း..
အဝတ်တို့ကိုခပ်မြန်မြန်ဝတ်ပြီ ကလေးငယ်နောက်အလိုက် တင်~~ခနဲပိတ်သွားသော ဓါတ်လှေခါးခန်းထဲကနေ မော့ကြည့်မလာပဲ ဆူပုတ်နေပြန်သေးသည်။
" မေကြီးးးးးးး"
" ဟော......သားငယ် တစ်ယောက်တည်းဆင်းလာတာလား....သားမာန်ရော....."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Viễn tưởngသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်