မညီအညာ တဲ့တောင်ပေါ်သားလေး စကားသံတွေဖတ်ကြည့်ပြီး တစ်ခဏ အသက်ရူရပ်သွားလား ကိုယ်တိုင်မသိခဲ့၊ တိတ်ဆိတ်နေသော ဘုန်းမာန် condo ရဲ့အဖြေကိုသိခဲ့ရသူမို့ အသက်ရူသွင်းဖို့ ခက်ခဲပြီး ယောကျာ်းရင့်မာဖြစ်တဲ့ ကိုယ်မှာ ငိုချင်လာမူကို မျက်တောင် ခတ်၍သာ ထိမ်းနိုင်ပေမယ့် လွယ်အွေ့ လေး ဘယ်လောက်နာကျင်လိုက်မလဲ တွေးပြီး သေလူလို ဆွေးဆွေးငေးငေးထိုင်နေမိသည်။
ဘုန်းမာန် condo ရဲ့ ဆိုဖာပေါ်မှာ တစ်ယောက်တည်း ထိုင်ပြီး ခုချိန်ဘယ်ရောက်လို့ရောက်နေမယ် မသိတဲ့ လွယ်အွေ့ ၊ တစ်လွဲအတ္တ တစ်ကိုယ်ကောင်းစိတ်ဖြင့် ပြည်ပကို ထွက်ခွါသွားပြီဖြစ်သော ညီငယ်၊ စည်းဇိမ်ငွေကြေးကို စွန့်ခွါပြီး ရိုးသားကြောင်း သက်သေထူသွားသော တောင်ပေါ်သားလေး လွယ်အွေ့တို့ကြားက အသံတိတ်ဖြစ်ပျက်မူများက အတွေးပုံရိပ်မှာ ရုပ်ရှင်ပန်းချီကားသဖွယ် တစ်ကွက်ပြီးတကွက် နှေးလိုက်/မြန်လိုက်.....လင်းလာလိုက်/မှေးမှိန်သွားလိုက်။
မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သတ်လိုက်ပြီး လည်ပင်းမှတင်းကြပ်နေသည် ထင်သော နက်ကတိုင်ကို ဆွဲဖြည်ချ၍ အကျီင်္ကျယ်သီး ၂ လုံးတို့ကိုဖွင့်ဟ ဖြေလျော့မိသော်လည်း ရင်ထဲကတင်းကြပ်မူတို့က မ,ပပျောက်နိုင်။ တံတစ်ထောင်ထိ ခေါက်တင်ထားသော တင်းကြပ်မူကြောင့်လား လွယ်အွေ့ စာသားတွေကြောင့်လား မသိခဲ့ တင်းကြပ်မူ၊ မွန်းကြပ်မူ/ ပိတ်ဆို့လှောင်ပိတ် နေမူ တို့က အလုံးလိုက်အရင်းလိုက် ရင်နှင့်အပြည့် ။
မွန်းကြပ်မူတို့ကို ဘယ်လိုဖြေဖျောက်ရမလဲ။
တောက်~ခေါက်၍ သာ ဘုန်းမာန်ကို သွားပြေးထိုးချင်မိသည်။
မိုက်မဲလှသော ဘုန်းမာန်။
ရိုင်းစိုင်းလိုက်တဲ့ ညီငယ်။
တတီ- တီ ခေါ်ဆိုနေသော ဖေဖေ ဖုန်းခေါ်ဆို နေမူကို ဘယ်လိုဖြေကြားရမလဲ။
ဘယ်လိုအင်အားမျိုးနဲ့ ဖြေရမလဲ အဖြေရှာမတွေ့ခဲ့။
အဖြစ်မှန်တွေကိုသာ အိမ်ကမိဘတွေသိသွားရင် နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း မင်းမသိဘူးလား ပြေ့လုန်းမာန် ရာဆိုပြီး တစ်ခါလောက် အဲ့ကောင်မျက်နှာကို စုတ်ပျက်သွားအောင် ထိုးကျိတ်ပြီး ဆုံးမချင်သည်။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasíaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်