" မိဝေ လက်လွန်ကုန်မယ်...ဝေ့....."" တော်ကို ..အသေသတ်မယ်၊ တစ်ခါမကဘူး...ကြုံတွေ့နေရတာကို....ဘာကိုသနားပြီးလဲ....ဘာကိုသနားလို့လဲ....ဟမ်...ကျုပ်တို့သားအမိအေးဆေးနေလို့မရဘူးလား....ကဲဟာ..."
ဝှစ်* ခနဲ ပစ်ထည့်လိုက်တဲ့ တစ်ထောင်လောက်ရှိတဲ့ သစ်သားတိုလေးက လေထဲမှာ ပတ်ခြာလည်ကာ အိမ်ခေါင်းရင်းရှိမန်ကျည်းပင်ကြီးကို သွားမှန်လေ၏။
*အတော်စွာလန်ကြဲသော ကျုပ်အမျိုးသမီး မိဝေက စိတ်သဘောထားဖြူစင်ပါတယ် သစ်ပင်စောင့်နတ်ရုက္ခစိုးကြီးခင်မျာ့လို့....စိတ်ထဲကနေ ရေရွတ်ကာ လက်အုပ်ချီရင်း မိဝေနဲ့ မန်ကျည်းပင်ကြီးအလည်ထားကာ ဝိုင်းကြီးပတ်ပတ်လည် ကစားနေမိသည်။
ခန္ဓာကိုယ့်အလေးချိန် ဝိတ်များသော မိဝေက ခွေးရူးပြေးနိုင်ဟန်မတူဘူး၊ မန်ကျည်ပင်ကြီးက်ိုနှစ်ပတ်လောက်ပြေးလိုက်သည်မှ ဟောဟဲစိုက်ကာ ဒူးလေးပေါ်လက်ထောက်ပြီး တုတ်ကိုင်ကာ အနားကိုလာဖို့ခေါ်နေပြန်သေးသည်။
" တော်..လာ..လာခဲ့.."
" သာထက် အဲလောက်မမိုက်ဘူးမိဝေ...."
" အယ်မလေးမောလိုက်တာ....ကိုသာထက် အနားလာခဲ့နော်....ဟူး..."
" ဟာ့....ငါပြောတာ အရင်ဆုံးနားထောင်အုံးမှာပေါ့ဟ.....နင်ဟာက ထစ်ဆို ထုမယ်၊ ပစ်မယ်နဲ့ အာဠာဝကနဲ့ ဆွေမျိုးတွေလား...နင်တို့က အနွယ်တော်တွေလို့တော့ ငါမပြောနဲ့နော်.....စကားပြောအေးဆေးနားမထောင်ဘူး..."
" ဘာနေနေ....တော်ကို သတ်မှာနော်...သွား..ပြန်ပို့လိုက်.ဘယ်ပို့ပို့....ကျုပ်အိမ်မဟုတ်ပြီးရော..."
" မောလိုက်တာ ငါ့မိန်းမရာ...ပြောရှင်းပြတာ နားထောင်ပါအုံးလားကွာ....ဘယ်ပို့ရမှာတုံးဟ...ခက်ပါ့လားအေ..."
" ရှင်......ရှင်.....ကျုပ်ကို ဘာမှလာမပြောနဲ့....ခုပြန်ပို့လိုက်.....သွား...."
ထမီကြီးမ, ကာ ဟောဟဲလိုက်နေသော ကားဆရာအမျိုးသားက ကိုယ့်ကိုမကြည်ဖြူဟန်မို့ အတိတ်အရိပ်က စိတ်အစဉ်ထဲ တစ်ခဏ ပေါ်လာသည့် အခိုက်အတန့် ပြည်ပထွက်သွားသူကြီး၏ နူတ်ဆက်စကားတစ်ခွန်းမဟပဲ ချန်ထားခံရခြင်း။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasíaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်