မနည်းမများသော မိန်းမငယ်လေးများ၏ အလန့်တကြားအော်ဟစ်အားပေးသံတွေကို မော့မကြည့်ဘဲ လူအိုကြီးပေးလာတဲ့ ဂစ်တာအိုလေးကိုသာ တီးခတ်ဖို့ပြင်နေသော တောင်ပေါ်သားလေး ဗန်လွယ်အွေ့။Mask အပြာလေးကို အောက်ဆွဲချနေသော လက်ချောင်းလေးများက ဖော့ဖယောင်းလ်ို ပျော့ပျောင်းနေသည်ကား မြင်ရသူအဖို့ ရူးသွပ်ဖို့ရာ၊ စွဲငင်နေသော မျက်ဝန်းတွေက အကြည့်ချင်းဆုံဖို့ရာ မဖြစ်နိုင်ပြီ။ ရုတ်တရက် နှလုံးသွေးရပ်တန့်စေသည့် အကြည့်စူးစူးမို့ မိန်းမလှလေးတွေရဲ့ အော်ဟစ်အားပေးသံကား မများသော်လည်း ပတ်ဝန်းကျင်အာရုံစိုက်စရာ ဖြစ်လာခဲ့ပြီ။
( အားးးးးးချောလိုက်တာ)
(Woo.....)
(မိုက်လိုက်တာ...live song လေးကြည့်ရတော့မယ်)
( ကံကောင်းလိုက်တဲ့ ငါတို့တွေပဲ....)
(ခုလိုမကြုံဖူးပေမယ်....ချောလိုက်တာ...)
အမျိုးမျိုးတီးတိုးသဖွယ် မှတ်ချက်အမည်ပေးကာ လက်ခုပ်သံတိုးတိုးတွေကြား လွယ်အွေ့လေး မျက်နှာမော့မလာခဲ့။ လူအိုကြီးကမ်းပေးလာသော ဂစ်တာအိုလေးကို ကြိုးညှိနေသည့် ဖယောင်းလက်လေးက မျက်စိမလွဲချင်စရာ။ အဆစ်ပျောက်နေသယောင် ပျော့ပျောင်းလွန်းတဲ့ လက်သွယ်သွယ်လေးကအစ ငေးမောစရာ ။
ဗာဂျာကိုကိုင်ပြီး Harmony လိုက်ပေးရန်ပြင်နေသော လူအိုကြီးက ခေါင်းလေး တဆက်ဆက်ညိမ့်ပြနေပြန်သည်။ ကြည်နူးဖွယ်မျက်ဝန်းတွေထဲက နှစ်သက်အားကိုးမူကို အထင်သားမြင်နေရသည်။
ချို့တဲ့သူကိုမြင်ရင် ကိုယ်ချင်းစာတက်တဲ့ တောင်ပေါ်သားလေး။
သက်ကြီးရွယ်အိုတွေမြင်တိုင်း ပေးကမ်းဝေမျှတက်တဲ့ လွယ်အွေ့လေးရဲ့ စိတ်ထားလေးနူးညံ့မူအတိ။
ကိုယ်တိုင်သည်ကား အားနည်းချက်နှင့်မို့ ချို့တဲ့သူကို ဖေးမ လက်တွဲကူညီရင်း သီဆိုမိသည်ကား အဆိုကြီး ဂရေဟမ်၏ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်သည့် အချစ်စွမ်းအား။
(🎼🎼.....အိပ်စက်သွားတဲ့ ငါနှလုံးသား...မင်းနဲ့တွေ့မှနိုးလာတယ်...ကွဲအက်သွားတဲ့
အသည်းဒဏ်ရာ..မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ....
...ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ...အေးစက်မည်းမှောင်ငါ့ညများ...အိမ်မက်သစ်တွေမွေးဖွားလို့...ရင်ကိုနွေးထွေးသွား...အကြင်နာညများလင်းလက်သွား...🎼🎼)
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasíaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်