" ငယ်လေး...."
အိမ်တော်ကြီးရဲ့အပေါ်ထပ် လှပလွန်းတဲ့ကျွန်းလှေကားကြီးရဲ့ကပ်ရပ် ဘေးဘက်အခန်းက ငယ်လေးအခန်းဆိုရမလို ကလေးငယ်အကြိုက် အဖြူရောင်ဆေးတစ်မျိုးကိုသာ သုတ်ထားပြီး အခန်းတွင်းပစ္စည်းအစုံအလင်ဖြင့် အမြဲသန့်ရှင်းသပ်ရပ်စေသည့်အခန်းငယ်လေး။
အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်ရသည်ပုံရိပ်လေးက ရင်နှင့်ဖွယ်ရာ။
ဒီအခန်းလေးအတွင်းမှာ တစ်ခုထပ်ပိုများသော Maple သားစစ်စစ်ဖြင့်ပြုလုပ်ထားတဲ့တန်ဖိုးကြီး ဂစ်တာလေးတွေက အစီအရီ။ သေသပ်လှပလွန်းတဲ့ စားပွဲပေါ်ဝယ် တစ်ပွင့်တည်းသော နှင်းဆီဖြူဖြူတို့က အခန်းတွင်းဝယ် မွှေးကြိုင်စွာ နေရာယူထားပြန်သည်။
တစ်ခန်းလုံးနီးပါးကို မွှေးပွကောဇောနုနုတို့ခင်းပေးထားတဲ့ ဖေဖေက သူ့သားငယ်အတွက်လစ်ဟာကွက်မရှိအောင် စေ့စပ်သေချာစွာစီစဉ်ပေးထားတယ်။
ကုတင်ခြေရင်းကိုမှီကာ မွှေးဖွကောဇောပေါ်ခြေဆင်းထိုင်၍ ဖေဖေအသစ်ဝယ်ပေးထားတဲ့ ဂစ်တာညိုလေးကို ကြိုးညှိနေပုံအရ ကလေးငယ် စိတ်အပမ်းဖြေစရာ ရှာဖွေနေပုံရသည်။
ဖေဖေကိုအတိုက်အခံလုပ်ပြီး ငယ်လေးနဲ့တွေ့ရဖို့ မိသားစုစကားဝိုင်းကို အပြန်အလှည်ထိုးစစ်ဆင်ပြီးမှ ရလာတဲ့အခွင့်အရေးမို့ အခန်းတံခါးဝလေးကနေ မျက်ရည်တွေသုတ်ကာ အသံတိတ်လေး မျက်တောင်မခပ်တမ်း ငေးကြည့်နေမိသည်။
မျက်ဝန်များကိုမှေးမှိတ်ကာ ဂစ်တာကိုတီးခတ်နေတဲ့ အာရုံကိုစုစည်းထားပြီး ကိုယ်ဝင်လာသည်ကို မော့မကြည့်လာသည်မို့ တိတ်တဆိတ်သာ ကလေးငယ်နားတိုး၍ သွားနေမိသည်။
" ငယ်လေး...."
သီဆိုနေတဲ့ တေးသီချင်းအဆုံး ၊လွတ်ချလိုက်တဲ့ ဂီတသံတို့အဆုံး တအံ့တဩဖွင့်ဟလာတဲ့ နီရဲရဲနူတ်ခမ်းတို့နှင့်အပြိုင် မှင်သက်ကာအံ့ဩမိနေတဲ့ ကလေးငယ်ရဲ့မျက်ဝန်းတို့က ကျယ်ပြန့်စွာ ...။
*အ့...
" ဟင်..." မယုံနိုင်စရာ ချစ်ရသူက ကိုယ်ရှေ့ခြေအစုံရပ်နေသည်မို့ လက်ထဲရှိဂစ်တာကြိုးစကို သတိလက်လွတ်ဆုပ်ဆွဲမိတော့ တင်းမာနေတဲ့ ကြိုးလေးက လက်ညှိုးသားကို စုတ်ဖြဲဖြစ်သင့်နှယ် ..ပြတ်ရှရာလေး တစ်ခု ထင်ချန်ခဲ့ရပြီ။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasyသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်