ကျောပိုးအိတ်ကိုလွယ်ထားပြီး ဂစ်တာအိတ်ကို ပုခုံးပေါ်တင်ထားမိသည့် လွယ်အွေ့။ ရူပ်ထွေးလှသော မြို့ပြ၊ ကိုယ်မသိသော လမ်းမပေါ်မှာ နေထွက်ရာကိုမော့ကြည့်မိရင်း အသက်မဲ့စွာ ပြုံးမိသည်။ တောင်ပေါ်သားပီပီ ကိုယ်မသိသော အရပ်ကို နေထွက်ရာကြည့်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို တိုးတိုးလေး တိုင်တည်ကာ တောင်းဆုပြုမိသည်။ နေထွက်ရာ အရပ်ကိုကြည့်ပြီး အရှေ့အနောက်တောင်မြောက်ကို မသိမသာကြည့်ပြီး ရှေ့တည့်တည့်က လမ်းမကြီးကိုသာ မမှိတ်မသုန်ငေးနေမိသည်။ဘယ်သွားရမယ်မသိသော ခံစားချက်၊ မည့်သူဆီကို ဦးတည်သွား ရမယ် အမည်နာမ မရှိိ။ ဦးထုပ်အနက်လေးကို ခေါင်းစိုက်ဆောင်းရင်း အပြင်ထွက်တိုင်း တပ်နေကြ grey ကာလာ mask လေးတပ်ကာ လက်တစ်ဖက်က Taxi ကိုတားမိသည်။
အပြာရောင် ဂျင်းပင်ကို ဝတ်ထားပြီး အဖြူရောင် T-shirt ပေါ်မှာ ဖလန်ထည် အစိမ်းကွက်ကျဲ အပေါ်ဝတ်ကိုဝတ်ထားသော တောင်ပေါ်သားလေး ပွင့်ဖူးစ ပန်းလေးအသွင် ၊ နေရောင်ခြည် ထွန်းလင်းနဲ့နံနက်ခင်း နှင့်အပြိုင်နီရဲနေသော လက်ဖဝါးတို့က သက်သေတည်ထားသည်။
နူးညံ့သည်မဟုတ်၊ ကြမ်းတမ်းခြင်းမရှိသော ဂစ်တာကြိုးတွေပေါ် ယိမ်းနွဲ့ကာ ကခုန်တက်သည့်လက်ဖဝါးနီရဲရဲလေး။
အချိန်ကြာကြာ ရပ်နေရင် ပြသနာရှိလာတက်သော ကိုယ်ခန္ဓာကြောင့် နေရောင်ခြည်ကိုကျောပေးရပ်ရင် ပန်းပြားခတ်စွာ သွားလာနေသော လမ်းမပေါ် ကားတွေကိုကြည့်ပြီး နီးစပ်ရာ Taxi တစ်စီးကိုလက်ပြ နေမိသည်။
ထူးခြားနေသည့်ကိုယ်ကို လမ်းသွားလမ်းလာတချို့က ငေးကြည့်ကြသည်မို့ ဦးထုပ်ကို ငိုက်ဆောင်းကာ လမ်းမပေါ်ရပ်၍ လက်ပြတာ တားနေမိသည်။
ထိုအခိုက်.....။
ထိုးရပ်လာသော အဖြူရောင် Taxi ပေါ်မှာ အသက်လတ်လတ် အစ်ကိုတစ်ယောက်၏ အမေးစကားကို တောင်ပေါ်သားလေး သတိကပ်စွာနားစင်နေမိသည်။ ဗမာစကား ကျွမ်းကျင်စွာပြောဆိုတက်မူ နည်းပါးသောကြောင့် အဓိပ္ပါယ်မလွဲအောင် ကြိုးစားပြောရမည်ဆိုတာ လွယ်အွေ့သိနားလည်ထားသည်။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်