အပိုင်း(၄၆)

7.9K 484 32
                                    

(မိသားစုနှင့်အတူ ပျော်ရွှင်စရာ တန်ဆောင်တိုင်အချိန်အခါလေးဖြစ်ပါစေရှင့်🙏
....တန်ဆောင်တိုင် ပံ့သကူပစ်ရင် ဒီမမကိုသတိရလိုက်နော် 🥴....)

May Entertainment က ပြုလုပ်သော အဆိုတော်သွဲ့ပန်းချီရဲ့ solo album မိတ်ဆက်ပွဲကိုအကြောင်းပြု၍ တက်သစ်စ Model Show ပွဲအပါအဝင် အတီးအခတ်ပိုင်းဆိုင်ရာပါ ချပြပြီး တက်သစ်စမျက်နှာသစ်အဆိုတော်များကိုပါ အများအား ချပြမည်ဖြစ်သည်။ နိုင်ငံတဝှမ်းထင်ရှားကျော်ကြားသော အနုပညာရှင်၊ အဆိုပညာရှင်/အတက်ပညာရှင်များသာမက Director, Composers, Musician များပါမချန် Productions company များစွာရဲ့ MDတွေပါ တက်ရောက်အားပေးကြမည့် နှစ်ပတ်လည်ပွဲဆိုရမလို ခမ်းနားကြီးကျယ်လွန်းလှသည့် ဒီပွဲကိုMay Entertainment ရဲ့ နောက်ကွယ်က ရင်းနှီးမြုပ်နှံသူတစ်ဖြစ်လည်း Mann Group ရဲ့ ပိုင်ရှင် CEO ပြေ့ဘုန်းမာန်က လက်တွဲဖော်အမျိုးသားလေးကို လက်မှချိတ်၍ အများအလယ်ကို ချပြမည့်အချိန်ခါမို့ ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပေးထားခြင်းခံရသည့် ကလေးငယ်ငယ်ရဲ့ စိတ်လူပ်ရှားနေမူကိုကြည့်ပြီး ပြေ့ဘုန်းမာန်ရဲ့အပြုံးတို့က ရပ်တန့်မရခဲ့။

" အဲ့ဒါ ဘာရုပ်လေးလဲ ကလေး.....ကိုယ်ကို့မြူစွယ်နေတာလား ...ပြွတ်စ် !"

Designer ပြင်ဆင်ပေးထားသည့်အတိုင်း pretty look လေးဖြင့် ဆိုဖာပေါ်ထိုင်ကာ နူတ်ခမ်းလေးဆူလိုက်/ မှန်ရှေ့ဝယ်ပြင်ဆင်နေသော ကိုယ့်က်ုကြည့်လိုက် ဒူးလေးပေါ်တင်ထားတဲ့လက်ကလေး ဆုပ်လိုက်ဖြင့် တစ်ယောက်တည်းအလိုမကျနေပါသော ကိုယ့်ကလေးငယ်ငယ်ရဲ့ အသားယားဖွယ်ပုံစံလေးကြောင့် မေးဖျားမှ ပင့်ကာ နှင်းဆီဖူးလေးကိုတစ်ချက်စုပ်နမ်း,နမ်းကာ ပစ်တင်ပြောဆိုမည့်ကလေးငယ်ရဲ့ စကားသံလေးကိုနားစွင့်စွာ ။

" ဟွန့်....ပျက်ကုန်လိမ့်မယ်....ဖယ်လို့ ! "

" မပျက်ပါဘူးဗျာ...ပင်ကိုယ်ချောတဲ့သူတွေများ မူဟန်ကြွယ်ပါ့....ကိုယ်ကိုကိုယ့်တောင်အားငယ်လာပြီ .." လက်အကျီကြယ်သီးတပ်ရင်းအနီးနားလာကာ ကပ်ချွဲနေတဲ့ Daddy type ဘဲကြီးကို နှာတစ်ချက်မူတ်ကာ မတ်တပ်ရပ်၍ ရင်ဘတ်ရှိ ကြယ်သီးတို့ကို ပြည့်စုံအောင် ကူတပ်ပေးနေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now