" ရှေ့က ခြံပဲ ဘုန်းမာန်"သော်စစ်မေးဆတ်ပြသည့် အုတ်တံတိုင်းတဝက်ခန့်သာထားပြီး သံတိုင်တွေနှင့်အပေါ်ဘက်ကသွပ်ဆူးလိပ်များကိုယက်ကာထားသောကြောင့် ခြံတွင်းရှိ အရာများကို အဝေးကပင်ကောင်းစွာမြင်နေရသည်။
မကြီးကျယ်လှသော အိမ်မြင့်လေးက ခြံရှေ့နားကပ်လျှက်တည်ရှိပြီး အရိပ်ရမန်ကျည်းပင်ကြီးက ဖြာကျနေသောအရိပ်ကြောင့် သဘာဝအလျှောက်အတော်အေးချမ်းမည်ထင်ရ၏။
" ဒီလိုနေရာလေးမှာ ငယ်လေးနေနေရတာပါ့လား "ဟုသော မချင့်တကဲဝမ်းနည်းစိတ်တို့က မိမိအမှားကြောင့်ဟု လက်ညှိိုးထိုးပြရပေမည်မဟုတ်ပါလား။
ကိုယ်တိုင်သည်က ရက်စက်ခဲ့မိ၏။
" ငါ ဝင်တွေ့ချင်တယ် ...သော်စစ်"
" ဖြစ်ပါ့မလား.."
" ငါ တွေ့ရမှာ ဖြစ်မှာမို့ ...."
"သဘောကွာ...."
အဖြူရောင် Toyota fortuner Legender အဆင့်မြင်ဇိမ်ခံကားလေးပေါ်မှဆင်း၍ မိမိရှေ့ရှိ ကလေးငယ်နေထိုင်ရသည့် အိမ်အမြင့်လေးဆီ နောင်တတို့ဖြင့် ဒူးဖက်ကာ တောင်းပန်နေရပါစေ* ဝင်တွေ့မည် စိတ်ကိုတင်းကာ ဝင်တွေ့မိ၏။
သော့ခတ်ထားခြင်းမရှိတဲ့ ခြံဝန်းသံပန်းတံခါးလေးကို အသာအယာတွန်းဖွင့်ကာ ခြေချမိသည်။
" အိမ်ရှင်တို့ ...."
တိတ်ဆိတ်နေသော အိမ်မြင့်လေးဆီမှ ငယ်လေးပုံရိပ်လေးများတွေ့ရနိုးနိုးဖြင့် ရှာဖွေကြည့်မိသော်လည်း ...။
" ဟုတ်ကဲ့...ဘာကိစ္စလဲမသိဘူး"
ဟင်းချက်နေရင်းတန်းလမ်း အိမ်ရှေ့ဆီက ခေါ်နေသံကြောင့် မိဝေတစ်ယောက် ခပ်ပြာပြာ လက်သုတ်ဝတ်လေးဆွဲယူကာ ထွက်၍ ကြိုဆိုနူတ်ဆတ်နေမိသည်။
မိမိအိမ်ရှေ့လှေကားခြေဆင်းလေးထိရောက်နေသော မိမိတို့မမြင်ဖူးသော အသွင်ရှိ သေသပ်စွာဝတ်ဆင်ထားတဲ့ ထိုပုဂ္ဂိုလ်က မည်သူနည်း။
မိဝေတို့အသိထဲက ဟုတ်မည်မထင်သောကြောင့် ပြုံးပြလျှက်သား မေးမြန်းမိ၏။
" ဒါ...ကိုသာထက်တို့အိမ်လားဗျ"
" အော် ဟုတ်ကဲ့...."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်