အပိုင်း(၄၀)

9.4K 566 50
                                    


( မိသားစုနှင့်အတူ ငြိမ်းချမ်းပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးဖြစ်ပါစေရှင့် 🙏🙏🙏)

" ကိုကို...."

ညနေအလုပ်စောဆင်းလာပြီး မိမိဆီအပြေးလေးလာကြိုတဲ့ချစ်ရသူကြီးဆီ တစ်စုံတစ်ရာကို ပူဆာချင်သောကြောင့် မည့်သို့အစပျိုးကာ စကားအဖြစ်ပြောင်းလဲရမယ်ဆိုတာ တစ်ယောက်တည်း လက်ထိပ်လေးဆိတ်ကာ စဉ်းစားနေရင်းမှသည် sunglasses တပ်၍ဘေးနားမှခန့်ခန့်ကြီးကားမောင်းနေပါသော ချစ်ရသူကိုကိုပြေ့ဘုန်းမာန်ကို ကြိုးစား၍ တောင်းဆိုမိသည်။

" ဗျ....ပြောလေအချစ် ဘာလို့လဲ...."

လမ်းမကြီးအတိုင်း ဘေးနားက ကလေးငယ်ပါလာသည်မို့ ကားကိုဂရုတစိုက်မောင်းရင်း သော်စစ်တို့ရဲ့ လူတွေ့အောင်မြင်ကြောင်း ကြောငြာစာကပ်၍ live လွင့်နေသည့်ကြားက ကိုယ်တိုင်သွားကြည့်ချင်သည်ဟု တစ်ခွန်းလေသော စကားတို့ကြောင့် ကားမောင်းကာ လိုက်ပို့နေသော ပြေ့ဘုန်းမာန်ကို ဘေးနားကငယ်လေးက ဘာကြောင့်ခေါ်မှန်းမသိ ပြန်၍ တိတ်ဆိတ်သွားသောကြောင့် ။

" ငယ်လေး....ပြောလေအသဲရ...စဉ်းစားမရဖြစ်နေလား ..ဟင် "

" ဟို....ဟို...အပြန်ကြ.."

လက်ညှိုးလေးတစ်တောင်တောင်ဖြင့် ဘာကိုရည်ရွယ်၍ ပြောဆိုနေတယ်မသိ နူတ်ခမ်းလေးထော်ကာ ချစ်စဖွယ်အမူအရာလေးဖြင့် ဘေးကနေ ပြောဆိုနေပါတဲ့ ကလေးငယ်။

" အင်း...."

" မိဝေဖို့ ဝယ်ပေးချင်တယ်..."

" ဟုတ်ပြီ....ကိုကို့သဘောပေါက်ပြီ ...ကလေးကအစ်မအတွက် လက်ဆောင်ဝယ်ပေးချင်တာ အဲလိုလား အချစ် ..."

" အင်း.....နားကပ်လေး...."

" ဟားးးးးကို့အချစ်က မတရားဘူးကွာ...တစ်ဖက်သတ်ကြီးဗျ.."

" ဗျာ...." ခပ်နောက်နောက်တမင်စပြောလိုက်တဲ့ စကားလေးအတွက် အံ့ဩခြင်းတွေနဲ့ အိုးမလုံရှာ အားနာစိတ်တွေရောပြွန်းနေတဲ့သူလေးမျက်နှာပေါ်က အပြုံးတို့က တစ်ခဏ ပျောက်ကွယ်သွားခဲ့ပြီမို့...။

" ဟုတ်တယ်လေ ငယ်လေးစဉ်းစားကြည့် ကိုယ့်အတွက်ကြ ဘာမှမပေးပဲ အချစ်အစ်မအတွက်ကြ လူရွေးပွဲအောင်လို့ ဆိုတဲ့အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးချင်တယ်ဆို..."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now