" ငါက တောင်ပေါ်မှာ ကြီးပြင်းလာခဲ့တာပါ ...အဖေက ငါ၂နှစ်သားကကွယ်လွန်ခဲ့ပြီး အမေက ငါ ၁၇ နှစ်သားမှာ ကင်ဆာနဲ့ ဆုံးပါးခဲ့တယ်။ ဖေကြီးတို့မိသားစု နဲ့က ငယ်ကတည်းတောင်ပေါ်မှာ အတူကြီးပြင်းလာပြီး သူတို့မိသားစု ရန်ကုန်ပြန်ရောက်တော့ အဆက်အပြတ်ခဲ့တယ်။ အမေ ဆုံးခါနီးမှပြန်တွေ့ကြပြီး ဖေကြီးတို့ဆီ ငါကို အပ်ခဲ့ထားကာ တမလွန်ကူးသွားခဲ့တယ်။ ကျေးဇူးကြွေးလို့ဆိုရမလား...ငါတို့ငယ်သံယောဇဉ်ကြောင့်ပြောမလား ဖေကြီးတို့က မွေးစားသားအဖြစ်လက်မခံပဲ သား,သားမက်အဖြစ် သူတို့သားအငယ် ကိုပြေ့ဘုန်းမာန်နဲ့ လူကြီးတွေကနေရာချပေးခဲ့ကြတယ်...."" အင်း....."
" အဲ့လူကရော ..ခု ဘယ်မှာနေလဲ "
" ကနေဒါ.."
" လမ်းခွဲခဲ့ကြတာလား "
" အင်း...."
"ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာတာဆို....ဘာလဲ ?သူက အရမ်းချမ်းသာလို့ ငါ့မောင့်အပေါ် အဆင့်အတန်းခွဲခြားတာလား....ဟုတ်လား...."
" မိဝေ!....." ဘူမသိကိုးမသိ ဇွတ်ပွမ်နေတဲ့ မိဝေကတော့ ကိုငယ်အပေါ်စိတ်ဆိုးဖို့နေနေသာသာ ကိုငယ်အစား တစ်ဖက်မိသားစုကိုအမူန့်ကြိတ်ချင်နေပုံ ဟန်ပါမာန်ပါနေသော စကားတို့နဲ့ ပြောဆိုနေတဲ့ ကျုပ်မိန်းမ လူရိုးလူအ, အညာသူကြီး မိဝေ။
ခင်မင်တွယ်တာလွန်းတဲ့ မိဝေက ကိုငယ်အပေါ် သွေးသားရင်းခြာ မောင်နှမတွေအလား လွယ်အွေ့ခံစားခဲ့ရတာအတွက် မကျေနပ်စွာဒေါသတကြီး စိတ်ဆိုးနေပြန်သည်။
အော်! သံယောဇဉ်ကြီးမားလိုက်တဲ့ ငါ့မိန်းမပါ့လား....သနားစရာမိဝေလေး!....
" အင်း....သူက အရမ်းနာမည်ကြီးတယ်...မိသားစုနဲ့အတူမနေပဲ ကနေဒါမှာပဲ နေတာ...အဲ့မှာပဲ တကယ့်အောင်မြင်တဲ့ သူဌေးကြီးပေါ့ ..."
" သူ့ဘာသာသူ ..သူဌေးဖြစ်ဖြစ်..ခွေးဖြစ်ဖြစ် ကျုပ်စိတ်မဝင်စားဘူး....ဒါဆို ဘယ်လိုလုပ် လက်ထပ်ဖြစ်ခဲ့ကြလဲ..."
မိဝေအမေးစကားကြောင့် ခံစားချက်ကို သိုသိပ်ကာ အားငယ်ညှိုးလျော့နေတဲ့မျက်နှာလေးဖြင့် အောက်ကိုငုံ့ကာနေလေတဲ့ လွယ်အွေ့လေးကြီး မိဝေကိုသာ အပြစ်တင်နေမိသည်။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasíaသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်