" ငယ်လေး..."တစ်ချိန်တစ်ခါမက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဩရှရှ ဒီအသံကို ကျွန်ုပ် တစ်သက်မမေ့ခဲ့။
ရက်စက်သူကြီးလို့ အမည်မတပ်ရက်ခဲ့ပေမယ့် ထင်ရောင်ထင်မှားကြားဖူးခဲ့ဖူးသော ဒီလူရဲ့ ခေါ်သံကို တစ်ခါမျှကြားဖူးရုံနဲ့ ဒီတသက်မမေ့နိင်စရာပေါ့။
ထပ်၍များကြားလိမ့်နိုးနိုးဖြင့် နောက်ပြန်မကြည်ရဲခဲ့။
ထပ်၍ ကြားခဲ့လျှင် ထိုအသံပိုင်ရှင်ဆီသို့ ကျွန်ုပ်ပြေး၍ သွားမိလိမ့်မည်ထင်၏။
တောင်ဇလပ်တို့ကို မျက်ကွယ်ပြုပြီး ချယ်ရီပင်ကြီးအောက်က ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ဖူးသော ဒီအသံ၊ ထိုအသံပိုင်ရှင်၏ ရင်ခွင်နွေးနွေးကို အရှက်မဲ့စွာ မျှော်လင့်မိတာအမှန်...။
မလိုချင်ပါဘူး ပြောခဲ့ဖူးသော ထိုလူရဲ့စကားသံတွေကြားမှပင် ဒီအသံကို စွဲလမ်းမိသည်ကား
ကျွနု်ပ်သည်သာ အပြစ်ရှိ၏။အချိန်တခုအကြာထိစောင့်ဆိုင်းသော်ငြား ထပ်၍ ကြားရလိမ့်နိုးနိုးဖြင့်....မျှော်လင့်တကြီး...။
ထပ်မံ ကြားလိုက်ရသည့် အော်ခေါ်သံအဆုံး...မယုံနိုင်စွာ နောက်ပါးဆီလှည့်အကြည့်....
" ငယ်လေး...."
ကိုယ့်သီဆိုမူအပြီး အစ်ကိုစောင့်နေမည့် taxi ကားဖြူလေးပေါ် ထောင့်နဲ့နေတဲ့ခြေထောက်လေးကြောင့် တက်နိင်သမျှခပ်လှမ်းလှမ်းသွားကာ ဘေးက ဂီတမူးအစ်ကို ကားပေါ်ရောက်သည်အထိ ဘေးကနေ လိုက်ပါပို့ဆောင်နေကြမို့ ခုလို ဧည့်ပုရိသတ်များတဲ့ ညတွေ သီဆိုရတာ လွယ်အွေ့အတွက် အန္တရာယ်ကြီးဆုံး။
" ငယ်လေး...."
ထပ်၍ ခေါ်ဆိုလာသည့်အသံနှင့် စောစောကထွက်ပေါ်လာသော ခေါ်ဝေါ်သံတို့သည်ကား အသံနေအသံထားမတူညီခဲ့။ ပထမကြားခဲ့ရသော ဩရှရှ အသံတိုကြောင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပါသော်လည်း အလင်းရောင်မှိန်ပြပြသည်သာ ကြီးစိုးနေပြန်၏။
" ကိုကိုကြီး...."
" ကိုကိုကြီး ကလေးကတော်လိုက်တာကွာ.....တကယ်မြင်မှ ယုံမိတာသိလား...တော်လိုက်တဲ့ ကလေးလေး...."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်