လွယ်အွေ့ကို ကိုယ်တိုင်လာရောက်ကမ်းလှမ်းတဲ့ May production က producer က ခုလိုငယ်ငယ်ရွယ်ရွယ်လေးမှန်း မသိခဲ့မိတာ အမှန်။ စုံတွဲဖြစ်ပုံရတဲ့ ဘေးကကောင်လေးက ကိုငယ်ကိုစူးစိုက်ကြည့်ပြီး သူတို့ကိုသာ ဦးစားပေးဆုံးဖြတ်ခိုင်းနေတဲ့ အပြောအဆို/အမူအရာတို့ကြောင့် ဘာတွေလဲဆိုတာ ကိုယ့်မသိခဲ့။
ကိုယ့်တိုင် နားမလည်တဲ့နယ်ပါယ်ကမို့ ဗန်လွယ်အွေ့ကို ဘယ်လိုအားပေးလို့ တိုက်တွန်းပေးရမလဲ။ ကိုယ်တိုင်သော်က taxi driver တစ်ယောက်မို့ ဂီတလောကနဲ့ပတ်သတ် ဂစ်တာကြိုးတောင် မညှိတက်တာကခက်။ ဘေးက လွယ်အွေ့လေးကို ကြည့်မိတော့ တွေဝေငေးမောက ဝေခွဲရခက်နေသည့် အနေအထားမို့ ပုခုံးလေးပုတ်ကာ အားပေးမိသည်။
" အဆင်ပြေမှာပါကွာ အများကြီးမတွေးနဲ့ဟုတ်ပြီလား..."
" အင်းပါ....ကျွန်တော် အဲလောက်ထိ မမျှော်လင့်ထားဖူးဘူး အစ်ကို "
အိမ်ရောက်ခါစက တစ်ငါ,ငါ ပြောတက်တဲ့ကလေးကို မိဝေက ဆူလိုက်၊ မာန်လိုက်နဲ့*ငါ နေရာအစား ကျွန်တော်*ဟု ကောင်းစွာ ပြောင်းလဲ သုံးနူန်းတက်သည့်အထိ မိဝေလေ့ကျင့်ပေးထားရသည့် တောင်ပေါ်သားလေး ဗန်လွယ်အွေ့ ။
လွယ်အွေ့လေးရဲ့ ပင်ကိုယ်ပါရမီနှင့် ဂစ်တာတီးခတ်သီဆိုဟန်တို့ကြောင့် မြောက်ဥက္ကလာကဆိုင်ရှင် အစ်ကို ပြောသလို တစ်နေ့ ဒီလိုကြုံဆုံရမယ်ဆိုတာ ခပ်ယဲ့ယဲ့မျှော်လင့်ထားမိသော်လည်း ခုလို ထိပ်တိုက်ကြုံဆုံရပြန်တော့လည်း ဘာကို ဘယ်လို တွေးရမယ်၊ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဘာဆိုဘာမှမသိတဲ့ ကိုယ့်အခြေအနေမို့ ကိုယ့်တွေကိုအားကိုးနေ,နေရတဲ့ ဗန်လွယ်အွေ့လေးအပေါ် အများကြီးအားနာရပြန်တယ်။
ကိုယ်မသိနားမလည်တဲ့ လမ်းသစ်မို့ ကိုယ့်ပတ်ဝန်းကျင်က အသိမိတ်ဆွေများနဲ့သေချာတိုင်ပင်ရအုံးမည်လေ။
အိမ်ရောက်ရင် မိဝေကိုလည်း သေချာနားဝင်အောင်ရှင်းပြရအုံးမယ်။
လွယ်အွေ့နဲ့ပတ်သတ်ရင် မိဝေတို့သားအမိက အကဲဆက်တက်ကြသူများမို့....။
" ကဲပါ..အစ်ကိုတို့စဉ်းစားချိန်ရှိပါတယ်၊နောက်ပြီး အစ်ကိုမျိုးနဲ့လည်း တိုင်ပင်မယ်လေကွာ...ဘာဖြစ်ဖြစ် ခုလို လာရောက်ကမ်းလှမ်းကြတဲ့အပေါ် မင်းအတွက် ဝမ်းသာတယ် တကယ်ပါကွာ..မင်းအိမ်မက်လေး အကောင်အထည် ဖော်ခွင့်ရမယ့်အခွင့်အရေးလေ....တို့များသေချာစဉ်းစားကြတာပေါ့.."
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasiသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်