အပိုင်း ၁

6.9K 97 0
                                    

ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း ၁

ပူပြင်းတဲ့နေအပူရှိန်နဲ့ ဖုန်းတလုန်းလုန်းထနေတဲ့
ရွာလမ်းမကြီးအလယ် ခရီးဆောင်အိတ်တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ မိန်းမပျိုလေးတစ်ယောက်
ခပ်ပါးပါး အနီရောင်နှုတ်ခမ်းလှလှလေးမှာ စုထော်‌ေနပြီး မျက်နှာလေးရှုံ့မဲ့ကာ
ဖြစ်နေတဲ့ သူမဟန်ပန်က အခုလက်ရှိ‌‌အခြေအနေကို အလိုမကျမှန်းသိသာလှသည်

''ဟွန့် ဒယ်ဒီတို့များ ဒီသမီးငယ်လေးတစ်ယောက်ထဲရှိတာကို အလိုလိုက်မယ်မရှိဘူး ဒီလိုဘာမှမရှိခြောက်ကပ်နေတဲ့ နေရာကိုမှပို့ရတယ်လို့ ''

ဆူးခက်သက်ညှာ ဆိုတဲ့သူမ နှုတ်ခမ်းကနေထိုစကားကို ခပ်တိုးတိုးရေရွတ်လိုက်သည်ကို
သူမဒယ်ဒီ ဦးသက်ကျော်တစ်ယောက်
ကြားရင်အခုပင် ခေါင်းလာထုမလားမသိ

''အား ..... ငါစိတ်ညစ်ပါတယ်နော် နေကလည်းပူ ရေကလည်းဆာနဲ့ အရေးထဲဖိနပ်ကလည်းတစ်မျိုး"

ဆူးခက်‌ ေရရွတ်လိုက်သည်  အခုအခြေအနေကြီးကိုလည်း
လွန်စွာစိတ်ကုန်ပါသည် ဒါပေမယ့်သူမဘာမှလုပ်လို့မရပါ ဒီလိုဖြစ်အောင်သူမကိုယ်တိုင်ဘဲ
လုပ်ခဲ့သောကြောင့်
ဖြစ်လာသမျှအကြောင်း
အကောင်းလို့ဘဲမှတ်ရတော့မည်
အခုတော့
ဒေါ်စိန်မြဆိုတဲ့သူမရဲ့အဖွားစီကို
ေရာက်ဖို့ကိုဘဲအရင်လုပ်ရမည် မဟုတ်ရင်သူမဒီေနရာမှာတင်
ပူလွန်းလို့ပြာကျသွားနိုင်သည်
ဆူးခက်အတွေးတွေကိုရပ်ပြီး ရွာလမ်းအတိုင်း ဆက်လျှောက်သွားလိုက်သည်
လျှောက်သာလျှောက်နေတယ် အိမ်နဲ့တူတာလို့မတွေ့သေး  လှချင်လို့စီးလာတဲ့
ဒေါက်ဖိနပ်လေးကလည်း အကျိုးမပေး
သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေဖဝါးလေးမှာ ဖိနပ်ပေါက်ရာတွေနဲ့ အတော်လေး ကြည့်ရဆိုးနေသည်

'အခုချိန် ဒီနားကနေတစ်ယောက်လောက်ဖြတ်ရင်ကောင်းမှာဘဲ'

ဆူးခက်ရေရွတ်လိုက်မိပြန်သည်
သူမဘဲကံကောင်းသလားမသိ
အ၀ေးကနေ လှည်းတစ်စီးလာနေသည်ကိုတွေ့လိုက်ရ၏။
သူမထိုလှည်းကိုတားလိုက်သည်။ လှည်းမောင်းလာသူက သူမနဲ့ရွယ်တူလောက်သာ ဖြစ်လိမ့်မည်။

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Where stories live. Discover now