အပိုင်း ၅ ( uni/Zg )

2.8K 79 2
                                    

               ကိုယ့်အသက်မို့ မဝေးချင်ပါ

Zawgyi below

အပိုင်း ၅ (uni)

"ဟဲ့ ညည်းကရွာထဲသွားတတ်လို့လား မြေးစွဲလိုက်ပို့လိုက်ပါလားကွယ် "

"ဗျာ"

စွဲညို့ ထိုတစ်ခွန်းသာ အသံထွက်မိရင်းက
သူ့ကိုယ်သူလက်ညိုးပြန်ထိုးပြီး အဘွားကိုကြည့်မိလိုက်သည်
သဘောက ကျွန်တော့်ကိုပြောတာလားဟူ၍ပင်
အဘွားက ခေါင်းညိမ့်ပြသည်မို့ သက်ပြင်းသားချလိုက်ရင်း
ကလေးလိုခွေးလိုလိုပုံစံနဲ့ အဘွားမြေးမကို ကြည့်လိုက်ကာ....

"လိုက်ခဲ့"

ထိုတစ်ခွန်းသာပြောပြီး စွဲညို့အရင်ထလာလိုက်၏ ။

"ကြည့် ဘွားရဲ့အဖိုးတန်မြေးက ဆူးခက်ကိုတောင်မစောင့်ဘူး"

"ဟဲ့ ညည်းကနှေးတိနှေးတုတ်လုပ်နေတာကို
သွားမြန်မြန်လိုက်သွား"

"ဟွန့်  သွားမယ် သွားမယ်
ဘွားလည်း ဆူးခက်ကိုဘဲ ဆူနေသိလား"

ဆူးခက် ဘွားကိုပြောပြီး အရှေ့ကနေထွက်သွားတဲ့
ခြေတံရှည်ကြီးနဲ့ လောရှည်ကြီးနောက်ကို မှီအောင်လိုက်ရတော့သည် ။

"ဟိတ်လူ ဟိတ်လူ ဆူးခက်ကိုစောင့်ဦိး"

မရပ်ပေ မကြားသလိုဆက်သွာနေဆဲ

"‌ဟေ့ ... အ‌ရှေ့ကလူ နားလေးနေသလား စောင့်ဦးလို့"

ဆူးခက်ရွာပျက်မတက် အသံကုန်မြှင့်အော်မှာဘဲ ရပ်‌ေစာင့်တော့သည်

" မိန်းကလေးဖြစ်ပြီး ဘာလို့အဲလောက် အာပြဲ‌အောင်အော်‌နေရသလဲ"

"ဘာ... ဘာပြောလိုက်တယ် "

ကြည့်စမ်း ထိုမိန်းကလေး ဒီလောက်ပြောနေတာတောင် ငှက်ဆိုးထိုးသံနဲ့ အော်ဖြစ်အောင် အော်သေးသည်
ဖြတ်သွားဖြတ်လာတွေကလည်း ဝိုင်းကြည့်နေတာကို သူမ မရှက်ဘူးလားမသိ

"ဟေ့ မင်းစွတ်အော်မနေနဲ့ အကုန်ဝိုင်းကြည့်ကုန်ကြပြီကွ"

သူရဲ့ခပ်ကြိတ်ကြိတ်အပြောကြောင့် ဆူးခက် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
ဆူးခက်တို့ကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြလဲမသိ
ထိုလူကြီး ပုံစံကလည်း ပတ်ဝန်းကျင်ကိုကြည့်ပြီး
ရှက်သလိုလိုဖြစ်နေကာ
ဆူးခက်‌နဲ့အတူသွားရတာကိုပင် မကြိုက်ဟန် မျက်မှောင်ကြီးကြုတ်လျက်
ဆူးခက်တစ်‌ေယာက် ရုပ်ကလေးနဲ့မလိုက်စွာ လူယုတ်မာပြုံးပြုံးလိုက်ရင်း

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Hikayelerin yaşadığı yer. Şimdi keşfedin