ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၂၁
ဟင် !
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
စွဲညို့ဆုတောင်း မပြည့်လေမှန်း
သိလိုက်ရပါပြီ"အကိုလေး စိတ်ထိန်းပါဦး "
"မင်း ဖယ်စမ်းကွာ "
ဆိုင်ကယ်ရပ်လျှင် ရပ်ချင်း
မြင်နေရတဲ့မြင်ကွင်းစီ သွားဖို့လုပ်နေတဲ့
စွဲညို့ကို သာထူးက တားနေတာမို့
တွန်းဖယ်ချလိုက်သည် ။
နီးစပ်ရာ ဝေံဝဲ့ရှာမိတော့
မျက်လုံးထဲ တည့်တည့်ရောက်လာတဲ့
အုတ်နီခဲ
စွဲညို့ အုတ်နီခဲကို ကောက်ကိုင်လိုက်ပြီး
ခြေလှမ်းတွေက ..."ဖုန်းနံပါတ်လေးတောင်းတာကို
မတွံ့တိုပါနဲ့ကွာ အကိုကမင်းလေးကိုမြင်မြင်ချင်း
သဘောကျလို့ပါ ""အကို မူးနေရင် အသာနေပါဗျာ ဒီအစ်မမှာ
ဆိုင်သူရှိတယ် "မဆူးခက်ရှေ့ကနေ ချမ်းမြေ့တားနေရသည် ။
ကိုကြီးစွဲမြင်ရင် ပြဿနာ တတ်တော့မှာ"မင်းအသာနေစမ်းပါကွာ "
"ချမ်းမြေ့ "
ပြေရာပြေကြောင်း ချမ်းမြေ့ကို ထွန်းထုတ်ချလိုက်တာမို့ ဆူးခက်အသံထွက်လာရသည် ။
ချမ်းမြေမှာတော့ အရှိန်ပြင်းပြင်း အတွန်းခံလိုက်ရတာကြောင့် မြေပြင်ပေါ် ပစ်စလက်ခက်လဲကျသွားသည် ။"Wow.. အသံလေးကအစ
ချိုနေတာဘဲကွာ ဒီတိုင်းဆို အောင်မြင့်တို့က
ဆိုင်သူရှိလဲ ဂျိုအတက်ခံပြီးကို မိန်းမတော်ပစ်ချင်တာ ""မင်းကြီးတော် ကိုဘဲ မိန်းမသွားတော်လိုက်
ခွေးသူတောင်းစားရဲ့ "မြင်ကွင်းနား ရောက်တာနဲ့ ကြားလိုက်ရတဲ့
စကားလုံးတွေကြောင့် စွဲညိုဒေါသတို့က
မီးတောင်ပေါက်ကွဲသလို တဟုန်းဟုန်းထွက်လာရသည် ။
ရှည်ရှည်ဝေးဝေးတွေးမနေဘဲ
ပြောနေတဲ့ခွေးကောင်ရဲ့ ခေါင်းကို
လက်ထဲက အုတ်နီခဲနဲ့ အားရပါးရကို
ဆော်ပစ်လိုက်သည် ။
အားဘယ်လောက်ပြင်းလဲဆို အုတ်နီခဲပင်
ထက်ပိုင်းကျိုးသွားလာလေရဲ့"ဟာ.. ဒီမှာ ကိုအောင်မြင့်အရိုက်ခံရလို့ဗျို့ "
တစ်ချိန်လုံးမတားဘဲ ငြိမ်ကြည့်နေပြီး အခုမှထအော်တဲ့ကောင်က သေချာပေါက်
စွဲညို့ ရိုက်လိုက်တဲ့ကောင်ရဲ့ အပေါင်းအပါမဟုတ်ရင် နောက်လိုက်ဘဲဖြစ်ရမည် ။
ထိုကောင့် အသံကြောင့်
လူငါးယောက်လောက်လဲ ထပ်ရောက်လာသည်