အပိုင်း ၂

3.5K 73 0
                                    

ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း ၂

"ဘွားဘွားမြရေသားတို့လာတယ် "

ပြိုင်တူအော်သံနဲ့အတူ
အိမ်ထဲဝင်လာတဲ့ကလေးတစ်သိုက်
ဒီလိုညနေခင်းအချိန်ဆို
ရွာထဲက ကလေးတွေက ဒေါ်စိန်မြအိမ်ခြံဝိုင်းထဲလာ ကစားကြသည်။
ခြံဝိုင်းကအတော်ကျယ်ပြီး သရက်ပင််၊မန်ကျည်းပင်၊တမာပင်နဲ့
အခြားအပင်မျိုးစုံရှိတော့ အရိပ်အာဝါသကလည်း
အလွန်းကောင်းလှ၏ ။

"အေးဝင်ခဲ့ကြဟေ့ ဒီမှာ ကျုပ်မုန့်တွေလဲဝယ်ထားတယ် "

"ဟုတ်ကဲ့ ဘွားဘွား "

ကလေးတစ်သိုက်သည် အရီးမြစီက‌ မုန့်တွေကို ကိုယ့်ဝေစုကိုယ်ယူကာ စားကြသည်။
စားပြီးတော့မှ ခြံဝိုင်းထဲ ပြေးတမ်းလိုက်တမ်းကစားသူက ကစား၊
သရက်ပင်ပေါ်တက် သရက်သီး‌ခူးသူကခူး၊
မှီတဲ့နေရာကနေ မန်ကျည်းရွက်စိမ်းနုနုလေးတွေ
လိုက်ဆိတ်ပြီးအိမ်ဖို့ ဟင်းချက်စရာအဖြစ်ထည့်ယူတဲ့
ကလေးတွေနဲ့
စောနကတိတ်ဆိတ်နေတဲ့ အိမ်လေးသည် ယခုမှပင် စိုစိုပြေပြေဖြစ်သွားသယောင်
အရီးမြကလည်း ထိုသို့ပြေးလွှားဆော့ကစားနေကြတာကို မျက်စိနောက်ဟန်မရှိ
ကွပ်ပျစ်ပေါ်မှာ လက်ဖက်စားရင်း ပြုံးပြုံးကြီးကြည့်နေ‌ေလသည်။
အိမ်မှာချစ်ဖို့ရာ မြေးကမရှိ
ရှိတဲ့မြေး   စွဲညို့ဦးကြတော့လဲ
သူ့အလုပ်သူလုပ်ပြီး ခပ်အေးအေးနေတတ်သူမို့ သူတို့များအလုပ်သွားရင်
အိမ်ကြီးထဲ
မိစုနဲ့သူမနှစ်ယောက်သာကျန်ခဲ့ပြီး မိစုကလဲသူ့အလုပ်သူလုပ်သည်မို့
ပျင်းစရာကောင်းလွန်းလှ၏။
ဒါကြောင့်လဲ ရွာထဲကကလေးတွေ လာဆော့တာကို
ကြည်ကြည်ဖြူဖြူ
ခွင့်ပြုထားခြင်းဖြစ်ပြီး ထိုကလေးတွေမလာရင်တောင် တကူးတကသွားခေါ်ခိုင်းတက်သေး၏။

" ဘွား ဘာ‌လုပ်နေတာလဲ "

ဒေါ်စိန်မြအသံကြောင့်
လှည့်ကြည့်လိုက်တော့
မျက်မှောင်ကအလိုလိုကျုံ့သွားရ၏
ဝတ်ထားတာအချိုးမပြေ
ပေါင်လောက်ဘဲရှိတဲ့ ဘောင်းဘီတိုနဲ့
အင်္ကျီကလည်း ခါးကပေါ်ပြီး ကလေးဝတ်အင်္ကျီလိုလို
မြေးမနဲ့ကလိုက်ပေမယ့် ဒီမှာအခုလိုပုံစံဝတ်ရင်တော့
သေချာပေါက်အပြောခံရလိမ့်မည်

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Where stories live. Discover now