ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၁၁
"မြေးရယ် သေချာသွားပြီလား "
"ကျွန်တော် ဆုံးဖြတ်ပြီးပြီအဘွား"
မနက်ခင်း ဧည့်ခန်းထဲမှာ
ထိုင်စကားပြောနေကြတဲ့ စွဲညို့ ၊အဘွားနဲ့ မစုတို့သုံးယောက်
စွဲညို့အသက်လေးကတော့ မနိုးသေးပါ"မြေးရယ်ကောင်းမှုလုပ်တာ
အဘွားမတားချင်ပေမယ့် အဘွားမှာလည်း..""ကျွန်တော့်ကို သနားရင်မတားပါနဲ့တော့ အဘွားရယ် ကျွန်တော်အခုလိုပုံစံနဲ့ဆို ပိုမခံစားနိုင်လို့ပါဗျာ "
အဘွားရဲ့ စကားမဆုံးခင်
ဖြတ်ပြောလိုက်တဲ့ စွဲညို့အသံတို့က
အက်ရှရှနှင့် ငိုသံစွက်လျက်
စွဲညို့ ရက်အတော်ကြာနေမကောင်းဖြစ်နေပြီး
ယခုမှ ထူထူထောင်ထောင်ပြန်ဖြစ်လာခြင်းပင်
နှလုံးသားနုနုမှာတော့ ဒီတစ်သက်နလန်ပြန်မထူနိုင်တော့ဘူး
ထင်ပါရဲ့"အေးပါ တားမရတော့လည်း
မြေးသဘောပေါ့""ကျေးဇူးတင်ပါတယ်အဘွားရယ် "
"မဟုတ်တာကွယ် ငါ့မြေးကြီး ဘုန်းကြီးဝတ်တော့
အဘွားလည်း ကုသိုလ်ရတာပေါ့ "ဟုတ်သည်
စွဲညို့ အဘွားအား
ယနေ့ သင်္ကြန်မတိုင်ခင် တစ်ရက်အလိုတွင်
ယခင်က စီစဉ်ထားသည့် အတိုင်း
သင်္ကန်းဝတ်ဖို့ တောင်းဆိုနေခြင်းပင်သို့သော် စွဲညို့ဒီတစ်ခါသင်္ကန်းဝတ်မှာက
၁ပတ် ၁၀ရက်မဟုတ်ပါဘဲ
ရာသက်ပန်ဝတ်မည်မို့ ဘွားကတားနေခြင်းဖြစ်ပေမယ့်
စွဲညို့ကတော့ ဆုံးဖြတ်ချက်ချပြီးပါပြီစွဲညို့ ထိုသို့ ဆုံးဖြတ်ချက်ချရသည်ကား
စင်စစ်
စွဲညို့၏အသက်လေးအတွက်ကြောင့်ပါလေစွဲညို့သာသူမလေးနှင့်
မဝေးနိုင်လို့ အပိုင်သိမ်းမိပါလျှင်ဖြင့်
သူမလေးက စွဲညို့ကိုအမုန်းကြီး
မုန်းသွားမှာ အသေအချာပါ
ကိုယ့်ကိုမှ သူမလေးကမချစ်တာ
ဘယ်လိုလုပ် ကြည်ဖြူနိုင်ပါ့မလဲစွဲညို့ဆိုတဲ့ ဒီလူသားကလည်း
ဆူးခက်သက်ညှာဆိုတဲ့ မိန်းမလှလေးရဲ့
အမုန်းဒဏ် ခံရမှာကို
သေမလောက်ကြောက်ပါသည်။