ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၂၆
"အဟင်း ဟုတ်ပါတယ်ရှင်
မတွေ့တာကြာလို့ ကို ဆူးခက်ကိုမေ့သွားပြီလို့တောင်ထင်နေတာ ""မေ့စရာလားကွာ ထိုင် "
ရှပ်လက်စကအပြာနဲ့ ကာကီရောင်စတိုင်ပန့်ကို
တွဲဝတ်ထားတဲ့ ထိုလူက ဆူးခက်ထိုင်ဖို့
ကဗျာကယာ ထိုင်ခုံထုတ်ပေးသည်။ ဆူးခက်အပြုံးတစ်ခုနှင့် တုံ့ပြန်ကာ ဝင်ထိုင်လိုက်သည် ။"စောင့်နေရတာ ကြာသွားလားကို "
"အချစ်လေးနဲ့ တွေ့ဖို့ဘဲ ကိုဘယ်လောက်ကြာကြာ
စောင့်နိုင်ပါတယ်ကွာ "ထိုလူက ထိုင်ခုံမှာပြန်ထိုင်ရင်း မှိုရသလိုမျက်နှာဖြင့် ဆိုလာသည် ။
ဆူးခက်က မျက်စောင်းတစ်ချက်ထိုးလိုက်သည်။"ပိုနေပါပြီ "
"မပိုပါဘူးကွာ ကိုလေအချစ်ကို ကျေးဇူးလည်းတင်တယ် တောင်းလည်းတောင်းပန်ပါတယ်ကွာ
ကို နှင်းနွဲ့.... ""တော်ကွာ အခုမှပြန်တွေ့ရတာ အတိတ်ကအကြောင်းတွေ ပြန်မပြောကြေး "
ခုံပေါ်တင်ထားတဲ့ ဆူးခက်လက်ကို အသာဆွဲရင်း
ပြောလာတဲ့ထိုလူ့စကားမဆုံးခင် ဆူးခက်က အလိုမကျသလိုနှုတ်ခမ်းလေးဆူကာ
ပြောလိုက်သည် ။
ထိုလူကပြာပြာသလဲဖြစ်ကာ"Ok Okအချစ်လေးမကြိုက်ရင် မပြောတော့ဘူးနော် စိတ်တော့မဆိုးပါနဲ့ကွာ
milk tea ဘဲသောက်မှာမလား
ကိုမှာပေးမယ်လေ ""ဟင့်အင်း ကို ဆူးခက်အကြိုက်ပြောင်းသွားပြီ
black coffee ဘဲသောက်တော့တယ် "ဆူးခက်ရဲ့ ခပ်အေးအေးစကားကြောင့် ထိုလူကမျက်ခုံးပင့်ကြည့်လာသည်မို့
ဆူးခက်က ဘာလို့လဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်သည် ။"အဟင်း ဘာမှမဟုတ်ပါဘူးကွာ
အချစ်ကအရင်က အခါးဆိုလုံးဝမကြိုက်လို့လေ ""ဪ ကိုရယ် လူဘဲ တစ်ခုရိုးသွားရင်
နောက်တစ်မျိုးပြောင်းကြိုက်တတ်တာ
သဘာဝဘဲလေ "ဆူးခက်က ပြုံးပြုံးလေးပြောလိုက်ပေမယ့်
ထိုစကားက နားထောင်ရသူကို မလုံမလဲဖြစ်သွားစေသည်ထင်၏
ထိုလူ့မျက်နှာသိသိသာသာ ပျက်ယွင်းသွားသည်
ထိုလူက ပျက်ယွင်းနေသည့်မျက်နှာကို
ပြန်ပြင်ကာ ဆူးခက်ကိုပြုံးကာကြည့်သည်