ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၁၇
ဟိုနှစ်ကောင်ထွက်သွားတော့မှ
စွဲညို့ သူမလေးကိုလှည့်ကြည့်လိုက်ပါ၏ ။
စောနက မျက်နှာအမူအရာနဲ့တော့ မဟုတ်ပါလေ"ခဏစောင့်ဦး "
သူမလေးကခေါင်းငြိမ့်ပြသည်မို့
စွဲညို့ အထဲအမြန်ဝင် အပေါ်ထပ်တစ်ထည်ယူကာ
ထွက်လာလိုက်သည်။"ကိုကြီး အေးလို့လား "
"မဟုတ်ဘူး ငါ့ညီမရဲ့
အကြောင်းရှိလို့ သွားရအောင်လေ""ခဏနေပါဦး ကိုကြီးရဲ့
ဆူးခက်မေးစရာ ရှိလို့""လမ်းမှာလည်း မေးလို့ရသား
ငါ့ညီမရယ် ""ဟင့်အင်း မျက်နှာချင်းဆိုင် မေးချင်လို့
ကိုကြီး ဒီဘက်လှည့်ပါလို့ "သူမလေးက အင်္ကျီခါးစကို ကိုင်ဆွဲရင်း
ပူဆာလာတာကြောင့် စွဲညို့သူမလေးနှင့်
မျက်နှာချင်းဆိုင် ရပ်လိုက်ပါသည် ။
သူမလေးက ဆိုင်ကယ်နဲ့ စွဲညို့ကြား
အလိုလိုရောက်သွား၏ ။"ကဲ ဆိုစေဗျာ "
"ဟို ... ဆူးခက်လှလားဟင် "
ဘုရားကယ်ပါ
အသက်လေးက လုပ်ပြန်ပါပြီ
လက်လေးနှစ်ဖက်ကို နောက်ပစ်ကာ
မျက်နှာလေးမော့ပြီး မေးလာလေ၏ ။ကြည့်နေတဲ့ မျက်ဝန်းညိုညိုတို့မှာလည်း အရောင်တလက်လက်
စွဲညို့ ထိုအကြည့်များကို မခံနိုင်ပါ
နှလုံးသားထဲက ဆူညံသံတို့ကို
သူမလေးမကြားအောင် ထိန်းချုပ်ရတာလည်း
မောလှပါပြီ
မပြုစားပါနဲ့တော့
ကိုယ့်အသက်ငယ်လေးရယ်
စွဲညို့ တဒုန်းဒုန်းတဒိုင်းဒိုင်း ဖြစ်နေတဲ့
ရင်ခုန်သံတွေကို အတတ်နိုင်ဆုံးထိန်းချုပ်ကာ
မော့ကြည်နေတဲ့သူမလေးရဲ့ မျက်ဝန်းညိုတွေနဲ့
ဆုံအောင်ကြည့်လိုက်သည် ။"လှတယ် သိပ်ကိုလှတာ
လှလွန်းလို့ နန်းတွင်းခေတ်များသာဆိုရင်
နှစ်ပြည်ထောင် စစ်ခင်းရလောက်တယ်"" နှစ်ပြည်ထောင်က ဘယ်ပြည်ထောင်နဲ့ ဘယ်ပြည်ထောင်လဲဟင် "
စွဲညို့မှ သူမလေးမျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး
ပြောလိုက်တဲ့ ထိုစကားကို သူမလေးက မျက်လုံးလေးဝိုင်းကာ
ချစ်စဖွယ် မေးခွန်းပြန်ထုတ်လာပါ၏ ။
VOUS LISEZ
ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )
Roman d'amourStart date 2.11.2022 End date 4.4.2023