အပိုင်း ၇ (uni/Zg)

2.3K 67 1
                                    

              ကိုယ့်အသက်မို့ မဝေးချင်ပါ

Zawgyi below

အပိုင်း ၇(uni)

🎶မြူးကြွတဲ့ တေးသံ

ပျံ့လွင့်လို့နေ

ကူးပြောင်းစ တန်ခူးလေမှာ🎶

မနက်ခင်း ဝေလီဝေလင်းအချိန်

ခပ်ဖြည်းဖြည်းတိုက်ခတ်လာတဲ့
တန်ခူးလေ‌ပြေ‌အေးအေးလေးရယ်နှင့်

မကြာခင်ကျရောက်တော့မယ့်
သင်္ကြန်ကို ကြိုဆိုနေသယောင်ဖြင့်
ဟိုဟိုဒီဒီပြန့်လွင့်နေတဲ့ သင်္ကြန်သီချင်းသံ တငြိမ့်ငြိမ့်ရယ်က မြန်မာလူမျိုးတို့အား
စိတ်ရွှင်လန်းကာ အပြုံးပန်းဝေဆာ စေသည်။

ထိုထဲတွင် မနက်အစောကြီးနိုးပြီး
စိတ်အရွှင်လန်းဆုံးနှင့် အပြုံးပန်းအဝေဆာဆုံးဖြစ်နေသည့်
လူတစ်ဦး
ဘေးနားက ဖက်လုံးကြီးကိုနမ်းလိုက် အတင်းဖက်ထားလိုက် သူမျက်နှာသူပြန်ရိုက်လိုက်နှင့် အရူးကြီးလိုဖြစ်နေသူကား
ဧကန်စင်စစ် ကျေးရွာက
လူတော်လူအေးလေးလို့
ချီးမွမ်းထော်ပနာပြုထားသည့် စွဲညို့ပင်

စွဲညို့သည် ညကဆူးခက်အမူအရာလေးကို
အကြိမ်ကြိမ် ပြန်တွေးရင်
မျက်နှာထက် အပြုံးပန်းတို့က
အတောမသတ်နိုင်
ရင်ထဲ တသိမ့်သိမ့်ခံစားချက်တို့
ဖြစ်ပေါ်လာသည်က သူမ‌မျက်နှာလေး
စမြင်တွေ့ရသည့် ပထမဆုံးနေ့ကတည်းကပင်ဖြစ်ရာ
အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို
စွဲညို့အဖြေမရှာတတ်သေး

ဒေါက် ဒေါက် ဒေါက်

"မြေးစွဲရယ် ထပါဦး "

စွဲညို့အဘွားရဲ့ခေါ်သံကြောင့် ဆတ်ကနည်းဖြစ်သွားရင်း
ပြုံးစိစိဖြစ်နေတဲ့ မျက်နှာပိုးကိုအမြန်သတ်ကာ
ခေါင်းအုံး ဖက်လုံးတွေကိုလည်း သူနေ့ရာသူဖြစ်အောင် နေရာပြန်ချရသည်။

ပြီးမှ အခန်းတံခါးကို သွားဖွင့်ပေးလိုက်ပုံက
စောနက အရူးကြီးလိုဖြစ်နေတာ သူမဟုတ်တဲ့အတိုင်းပင်

"ဟုတ် အဘွားကျွန်တော်နိုးပြီ "

"အေးမြေးရယ် အဘွားရွာဦးကျောင်း တရားနာသွားချင်လို့ လိုက်ပို့ပေးပါဦး"

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Where stories live. Discover now