ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၆၇
"အသက်လေးရေ ထမင်း... ဟင်!
ကျွန်တော့်မိန်းမဘယ်ရောက်သွားတာလဲ၊ "စွဲညို့ အသက်လေးစားဖို့ရန် ထမင်းသွားခူးတာ ခဏလေးရယ် ၊ထမင်းခူးပြီး ဧည့်ခန်းစီပြန်ထွက်လာတော့ အသက်လေးကိုမတွေ့ရတာမို့မျက်လုံးပြူးမျက်ဆန်းပြူးဖြင့် မေးလိုက်သည် ။
ဧည့်ခန်းထဲ ထိုင်နေတဲ့ ဒေါ်စိန်မြတို့မှာ သူ့ပုံစံကို ဘုကြည့်ကြည့်လိုက်ကြသည် ။
"ငါ့မိန်းမခေါ်သွားတာ မင်းကဘာလုပ်ချင်လို့လဲ "
"ဗျာ ဘာမှ မလုပ်ချင်ပါဘူးအဖေရယ် ၊ဟို ဘယ်ကို ခေါ်သွားတာလဲဟင် "
အဖေ ၊
ဟုတ်သည် ဦးသက်ကျော်နဲ့ ဒေါ်နွယ်နီခက်တို့ အိမ်ကိုရောက်နေကြခြင်း ၊
အဖေက လေသံတင်းတင်းနဲ့ ဟောက်လိုက်တာကြောင့် စွဲညို့မှာ ထမင်းပန်ကန်လေးကိုင်လျက် ငြိမ်ကျသွားရပေမယ့် စိတ်ထဲတော့ သိပ်မကျေနပ်ချင်ဘူး ၊
အခုဆို အသက်လေးကိုယ်ဝန်က ၉လထဲရောက်နေပြီဖြစ်ကာ အရင်ကထက်ပိုဂရုစိုက်ပေးရမယ့်အချိန်၊သို့သော် လွန်ခဲ့တဲ့အပတ်လောက်ကတည်းက ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဖေနဲ့အမေကြောင့် စွဲညို့မှာ ဂရုစိုက်ပေးချင်တာတောင် ကောင်းကောင်းဂရုမစိုက်ရဘူး ၊
ခက်တာက အဖေနဲ့အမေကလည်း အသက်လေးမွေးပြီးမှပြန်ကြမှာ"ကိုကြီးရေ... "
တွေးနေတုန်း အသံချိုချိုလေးကြောင့် စွဲညို့ အပေါက်ဝကို ဆတ်ခနဲလှည့်ကြကာ မျက်မှောင်ပါကျုံ့မိသွားသည် ။အသက်လေးကိုယ်မှာ မနက်ကစွဲညို့ဝတ်ပေးထားတဲ့ အဝါရောင်လက်ဖောင်းဂါဝန်ပွပွလေးမရှိတော့ဘူး ၊ထိုအစား ခရမ်းရောင်ဖျော့ဖျော့ဗိုက်ဖုံး အင်္ကျီလေးနဲ့ ချည်ထမိန်အညိုရောင်လေးတစ်ထည်က နေရာယူလျက် ၊
စွဲညို့ထမင်းပန်ကန်ကြီး ကိုင်လျက် ထိုအနားလှစ်ကနဲရောက်သွားကာ"အသက်လေး ဘယ်သွားတာလဲ ၊အင်္ကျီကရော
မနက်က ကိုယ်ဝတ်ပေးထားတဲ့အင်္ကျီလည်းမဟုတ်တော့ဘူး ""အမေဝယ်ပေးထားတာ သားရေ ၊ရွာထဲက စက်ဆိုင်ခဏသွားတာလေ အဲ့မှာ ဒီအထည်တွေတွေ့တော့ လိုချင်ပါတယ်ဆိုလို့ "