အပိုင်း ၃
'အောင်မလေး ရေချိုးတဲ့နေရာကြီးကိုတော့ပြင်ဦးမှပါ '
ဆူးခက်တစ်ယောက်ရေချိုးပြီးလို့ skincare လိမ်းနေရင်းက ရေရွတ်လိုက်သည် ရေချိုးသည့်နေရာက
ကျောက်ကန်ကြီးတစ်လုံးနဲ့ အဝတ်လှန်းဖို့အတန်းလေးတစ်ခုသာပါပြီး
ဟာလာဟင်းလင်းကြီးမို့
ဆူးခက်ရေချိုးတုန်းက ကျောမလုံဖြစ်ခဲ့ရသည်။ ကြီးကျယ်သည်ဘဲပြောပြော နောက်ရက်တွေမှာတော့ ထိုနေရာကြီးမှာမချိုးချင်ပါ
ဘွားကိုပြောပြီး
ကာသင့်တာကာ ပြင်သင့်တာပြင်ရမည်လို့ ဆူးခက်တွေးထားလိုက်သည်။
Skincare လည်းလိမ်းလို့ပြီးပြီမို့
ပိုးသားညဝတ်အင်္ကျီ နှင့်ဘောင်းဘီရှည်လေးကိုယူဝတ်လိုက်ပြီး ခြေလှမ်းတွေကထမင်းစားခန်းသို့ ဒုံးဆိုင်းပြေးဆင်းလိုက်သည်။"မစုရေ ဆူးခက်ဗိုက်ဆာပြီ "
"ဪ သက်ညှာလေး လာ အကိုလေးကတော့ပြန်မရောက်သေးဘူး
ကလေးဆာနေရင်မစုပြင်ပေးမယ်နော်""ဟုတ်ဟုတ်"
ဆူးခက် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းဖြေလိုက်သည်
" အဟင်း ...ဟုတ်ပါပြီခဏစောင့်နော်"
"ဟုတ် ဒါနဲ့ဘွားကရော
မစားသေးဘူးလားဟင်မစု""ဟုတ်တယ်သက်ညှာလေးရဲ့ ကြီးမြက အမြဲတမ်းအကိုလေးနဲ့မှအတူစားတာလေ"
ဆူးခက်အမေးကို မစုကဟင်းပွဲတွေနေရာချနေရင်းပြန်ဖြေလာ၏။
ဆူးခက်နှုတ်ခမ်းလေးက
အလိုမကျမှုကြောင့်
ရှေ့သို့ထော်ထွက်လာသည်။
ဟိုစွဲညို့ဆိုတဲ့လူကြီးက
ဘာတွေကပ်ချွဲထားလို့
ဘွားကမြေးအရင်းလာတာတောင်
အတူထမင်းမစားနိုင်ရလဲမသိ
ဆူးခက်စိတ်သာတိုနေတာ ထမင်းတော့အစားမပျက် ထမင်းစားလိုက် ချဉ်ဟင်းလေးသောက်လိုက်နဲ့ ဟုတ်နေသည်။"မစုလက်ရာကရှယ်ဘဲနော်"
"မြှောက်နေပြန်ပါပြီကွယ် မဟုတ်လည်းမစုက ကလေးစားချင်တာရှိရင်ချက်ကြွေးမှာပါနော်"
"မမြှောက်ပါဘူးဆို မနက်ကျရင်ကြက်သားနဲ့ဘူးသီးကို
ချိုချိုလေးချက်ပေးနော် ဟီး...""ဟုတ်ပါပြီရှင် ဟုတ်ပါပြီ အခုရောဝပြီလားထမင်းထပ်ခူးပေးရမလား"