အပိုင်း ၃

3K 74 1
                                    

          ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း ၃

‌'အောင်မလေး ရေချိုးတဲ့နေရာကြီးကိုတော့ပြင်ဦးမှပါ '

ဆူးခက်တစ်ယောက်
ရေချိုးပြီးလို့ skincare လိမ်းနေရင်းက ရေရွတ်လိုက်သည် ။
ရေချိုးသည့်နေရာက
ကျောက်ကန်ကြီးတစ်လုံးနဲ့ အဝတ်လှန်းဖို့အတန်းလေးတစ်ခုသာပါပြီး
ဟာလာဟင်းလင်းကြီးမို့
ဆူးခက်ရေချိုးတုန်းက ကျောမလုံဖြစ်ခဲ့ရသည်။ ကြီးကျယ်သည်ဘဲပြောပြော နောက်ရက်တွေမှာ‌တော့ ထိုနေရာကြီးမှာမချိုးချင်ပါ
ဘွားကိုပြောပြီး
ကာသင့်တာကာ ပြင်သင့်တာပြင်ရမည်လို့ ဆူးခက်တွေးထားလိုက်သည်။
Skincare လည်းလိမ်းလို့ပြီးပြီမို့
ပိုးသားညဝတ်အင်္ကျီ နှင့်ဘောင်းဘီရှည်လေးကိုယူဝတ်လိုက်ပြီး ခြေလှမ်းတွေကထမင်းစားခန်းသို့ ဒုံးဆိုင်းပြေးဆင်းလိုက်သည်။

"မစုရေ ဆူးခက်ဗိုက်ဆာပြီ "

"ဪ သက်ညှာလေး လာ အကိုလေးကတော့ပြန်မရောက်သေးဘူး
ကလေးဆာနေရင်မစုပြင်ပေးမယ်နော်"

"ဟုတ်ဟုတ်"

ဆူးခက် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းဖြေလိုက်သည်

" အဟင်း ...ဟုတ်ပါပြီခဏစောင့်နော်"

"ဟုတ် ဒါနဲ့ဘွားကရော
မစား‌ေသးဘူးလားဟင်မစု"

"ဟုတ်တယ်သက်ညှာလေးရဲ့ ကြီးမြက အမြဲတမ်းအကိုလေးနဲ့မှအတူစားတာလေ"

ဆူးခက်အမေးကို မစုကဟင်းပွဲတွေနေရာချနေရင်း
ပြန်ဖြေလာ၏။
ဆူးခက်နှုတ်ခမ်းလေးက
အလိုမကျမှုကြောင့်
ရှေ့သို့ထော်ထွက်လာသည်။
ဟိုစွဲညို့ဆိုတဲ့လူကြီးက
ဘာတွေကပ်ချွဲထားလို့
ဘွားကမြေးအရင်းလာတာတောင်
အတူထမင်းမစားနိုင်ရလဲမသိ
ဆူးခက်စိတ်သာတိုနေတာ ထမင်းတော့အစားမပျက် ထမင်းစားလိုက် ချဉ်ဟင်းလေးသောက်လိုက်နဲ့ ဟုတ်နေသည်။

"မစုလက်ရာကရှယ်ဘဲနော်"

"မြှောက်နေပြန်ပါပြီကွယ်
မဟုတ်လည်းမစုက ကလေးစားချင်တာရှိရင်
ချက်ကြွေးမှာပါနော်"

"မမြှောက်ပါဘူး‌ဆို မနက်ကျရင်ကြက်သားနဲ့ဘူးသီးကို
ချိုချိုလေးချက်ပေးနော် ဟီး..."

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Donde viven las historias. Descúbrelo ahora