အပိုင်း၆၁(uni/zg)

1.6K 35 1
                                    

ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း၆၁

မလုပ်တတ်မကိုင်တတ်တဲ့ ငယ်ငယ်ချောချော မိန်းမလေးအား အလိုလိုက်အကြိုက်ဆောင်ကာ
သည်းသည်းလှုပ်ချစ်လာရတာ ယခုဆိုအိမ်ထောင်သက်တမ်း ခြောက်လပင်ပြည့်လေပြီ၊
ဆိုင်ကလည်း အရင်ကထက်ပို အရောင်းသွက်လာသလို ဆိုင်ဘေးကပ်လျက်တွင်လည်း ယခင်ကစဉ်းစားခဲ့သည့်အတိုင်း ဆီဆိုင်ကိုပါတွဲလျက်ဖွင့်နိုင်ခဲ့ပြီဖြစ်သည် ။စွဲညို့တို့ခြံထဲတွင်လည်း လောလောလတ်လတ်ကမှ ဝယ်ထားသည့် အိမ်သုံးကားတစ်စီးလည်း နေရာယူလို့နေလေပြီ၊
အချိန်နဲ့အမျှပြောင်းလဲသွားသည့် အရာတွေထဲ မပြောင်းလဲတာကတော့ စွဲညို့ရဲ့ ချစ်ဇနီလေးအပေါ် သည်းသည်းလှုပ်မှု ၊အလိုလိုက်မှုတွေပင်

"မိန်းမရေ အသက်လေး ကိုယ်ပြန်လာပြီ"

ထိုသို့ အိမ်ပြန်ရောက်တာနဲ့ ဆိုင်ကယ်ပေါ်ကတောင် မဆင်းရသေး အသက်လေးကို အော်ခေါ်တတ်တာကလည်း အကျင့်ကိုဖြစ်လို့နေလေပြီ

"ရှင် လာပြီ ကိုကြီး "

အသံချိုချိုလေးပေးလျက် အိမ်ထဲကထွက်လာတဲ့ အသက်လေးက အဝါရောင်လက်‌ဖောင်းဂါဝန်လေးဖြင့် နုဖတ်လို့၊
အိကျ‌နေတဲ့ ရွှေအိုရောင် ဆံနွယ်အခွေအလိပ်တို့ကလည်း တင်ပါးနားပင်ရောက်နေပြီဖြစ်ကာ စွဲညို့ကလည်း ထိုဆံနွယ်လေးတွေက အစ တွန့်တိုလွန်းလို့ လုံးဝမညှပ်ခိုင်း၊

"ဟီး "

အနားရောက်လာတာနဲ့ လူကိုမော့ကြည့်ကာ သွားဖြီးပြလာတဲ့ စွဲညို့ရဲ့အသက်လေး ၊
ဆံနွယ်လေးတွေအား ဘီးကုတ်အဝါရောင်လေးဖြင့်လှန်တင်ထားတာပြီး မြင်နေရတဲ့ နဖူးပြင်ပြေပြေလေးက ဝင်းလက်လို့နေသည်။
ပန်ဆင်ထားတဲ့ ဘီးကုတ်အဝါလေးကလည်း အင်္ကျီကပိတ်စနဲ့ဆင်တူသော ပိတ်စဖြင့်ပြုလုပ်ထားခြင်းပင် ၊စွဲညို့က ယူပြီး၁လလောက်ကတည်းက ချစ်ဇနီးလေးအား ထိုသို့ ဂါဝန်အဆင်ဒီဇိုင်းမျိုးစုံကိုသာ ဆင်ပေးသည် ။
ဆင်ပေးသည့် ဂါဝန်တစ်ထည်စီတိုင်းမှာလည်း ပိတ်စဆင်တူဖြင့်လုပ်ထားတဲ့ ခေါင်းစီးကြိုး ၊ဖဲပြားပုံကလစ် ၊ဘီးကုတ် တစ်ခုမဟုတ်တစ်ခုပါသည် ။

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Where stories live. Discover now