ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၂၇
ဧည့်ခန်းထဲရှိ အထိုင်ဖုန်းတင်ထားတဲ့နေရာနားတစ်ဝိုက်
တော်ကြာထိုင်လိုက် တော်ကြထလိုက် နဲ့
ဂဏာမငြိမ်ဖြစ်နေတဲ့ စွဲညို့ကိုကြည့်ကာ
ဒေါ်စိန်မြနဲ့ မစု အတော်လေးမျက်စိနောက်နေရသည် ။"မြေးရယ် မင်းဘယ်သူကထိုင်ထလုပ်ခိုင်းထားလို့လဲ "
ကြည့်နေတဲ့ မြန်မာဇာတ်လမ်းတွဲကို အာရုံစိုက်လို့ပင်မရတော့သည်မို့
ဒေါ်စိန်မြ ပြောလိုက်ရတော့သည် ။
နေ့လည်မြေကွက်ကြည့်ပြီး ပြန်လာကတည်းက
ထိုဖုန်းနားဘဲ တဝဲဝဲလည်နေတာ တော်တော်လေးလည်း မျက်စိနောက်လှပြီမို့"ဟာ ဘွားကလည်းဗျာ "
"ဘွားကလည်းလုပ်မနေနဲ့ ငြိမ်ငြိမ်ထိုင်မလား
အခန်းထဲဝင်မလား ""ထိုင်ပါ့မယ်ခင်ဗျာ ထိုင်ပါ့မယ် "
အခန်းထဲမဝင်နိုင်သေးတာမို့ စွဲညို့ လက်တစ်ဖက်နဲ့ခေါင်းကိုကုတ်ရင်း
ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည် ။
အဘွားတို့များ တစ်ခါလေး အကြပ်ကိုင်လို့
ရသွားတာနဲ့ ဆက်တိုက်ကို အကြပ်ကိုင်တော့တာဘဲ
မြေကွက်တုန်းကလည်း စွဲညို့မှယူမသုံးရင်
ရောင်းပစ်မှာဆိုပြီး အကြပ်ကိုင်တာမို့
စွဲညို့မှာ နေ့လည်ကဘဲ သာထူးနဲ့အတူ မြေကွက်သွားကြည့်လိုက်သည်။
စွဲညို့ အကြိုက်တွေ့တဲ့အကွက်ကို အရစ်ကျနဲ့ဝယ်ပါရစေဆိုပြီး ဘွားကိုပြောတော့ဘွားက သိပ်မကြည်ပေမယ့်ခွင့်ပြုသည် ။
ထို့ကြောင့် စွဲညို့ အရောင်းဆိုင်ဆောက်ဖို့ကိစ္စအဝဝကိုလည်း
အချိန်မဆွဲဘဲ နေ့တွင်းချင်း စီစဉ်လိုက်သည်။
အကုန်ချောချောမွေ့မွေ့မို့ နောက်တစ်ပတ်လောက်ဆို ပစ္စည်းတွေတင်ဖို့နဲ့ပတ်သတ်ပြီး ချမ်းမြေ့တို့နဲ့အတူရန်ကုန်တက်ရမည် ။
ထိုအကြောင်း အသက်လေးကိုပြောပြချင်လို့
နေ့လည်က အဘွားကို အကူအညီတောင်းပြီးဖုန်ဆက်ခိုင်းတော့လည်း
အသက်လေးက အိမ်မှာရှိမနေ
နေရပ်မှာ ပျော်နေပြီလား အသက်လေးရယ်"ကဲမြေးရယ် လင်းတမှိုင် မှိုင်နေမယ်ဆိုလည်း
အခန်းထဲသွား "