အပိုင်း၂၈(uni/Zg)

1.6K 43 1
                                    

ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း ၂၈

"ဒီနေ့အတွက် ထပ်မှာဦးမလား "

နေပူကျဲကျဲ အုတ်တွေသယ်လိုက်ချလိုက်
လုပ်နေတဲ့စွဲညို့ ပန်းရံသမားဦးလေးကြီးကို မေးလိုက်သည် ။
အုတ်နဲ့ ဘိလပ်မြေက ပိုနေရင်ထားစရာမရှိတာမို့
တစ်နေ့လိုအပ်သလောက်သာ မြိုကမှာရသည် ။‌

မြေကွက်သွားကြည့်ပြီးတဲ့နေကတည်းက
စဆောက်တာမို့
အဆောက်အဦးက ဖောင်ဒေးရှင်းချပြီးလို့
အုတ်စရိုက်နေပြီဖြစ်သည် ။

"အုတ်၁၀၀လောက်ထပ်မှာလိုက်ပါလားငါ့တူ
ဘိလပ်မြေအိတ်ကျန်‌နေသေးတော့
ဒီနေ့အတွက်အပြတ်ဖြတ်ရအောင်လေ"

ဦးလေးကြီးက ကျန်နေတဲ့ ဘိလပ်မြေနဲ့အုတ်အရေအတွက်ကိုတစ်ချက်လှမ်းကြည့်ကာပြောသည်။
စွဲညို့ ခေါင်းငြိမ့်ပြကာ ဘိလပ်မြေဖျော်ပြီးသာတွေ ကူသယ်နေတဲ့
ချမ်းမြေ့စီသွားလိုက်သည် ။
ဖုန်းက စွဲညို့မှာ မရှိသေးသောကြောင့်
ဆက်စရာရှိရင် ချမ်းမြေ့ကိုသာအကူအညီတောင်းရသည်

"ချမ်းမြေ့ ဦးလေးက အုတ်၁၀၀လောက်ထပ်မှာမယ်တဲ့ "

"Ok ကျွန်တော် ဒီတစ်ခေါက်ပြီးရင်
ဖုန်းဆက်လိုက်မယ် "

"အင်း မင်းလည်းနားပါဦးလားကွာ "

တစ်ခါမှ အလုပ်ကြမ်းမလုပ်ဘူးတဲ့ ချမ်းမြေ့မှာနေလောင်ထားတာကြောင့်
နဂိုဖြူတဲ့အသားအရေက နီစပ်စပ်ဖြစ်နေသည် ။
ချွေးသီးချွေးပေါက်တို့လည်း ကျနေပြီးဟောဟဲစိုက်နေတာမို့ စွဲညို့ပြောလိုက်သည် ။

"ဟုတ်တယ် အကိုလေး အဲ့ကောင်ပြောမရဘူးအသားကလည်း
ဖြူရာကနေမဲကုန်ပြီ "

အုတ်ရိုက်ရာမှာ ကူနေတဲ့ သာထူး
ဝင်ထောက်ခံလိုက်သည် ။
အရင်က ဂိမ်းလေးနှိပ်လည်း ရွာရိုးကိုးပေါက်လျှောက်သွားလိုက်နဲ့
သာယာနေတဲ့ ချမ်းမြေ့က အခုလိုတွေလုပ်နေတာ
သူ့မိဘတွေမြင်ရင် ဘယ်လိုနေမလဲမသိပေမယ့်
သာထူးကတော့ မကြည့်နိုင်လို့ ဝေးဝေးသားသွားခိုင်းနေရသည် ။

"ဟာဗျာနှစ်ယောက်လုံးကျွန်တော့ဘဲ
ဝိုင်းပြောနေကြာတာ
ကျွန်တော်လုပ်နိုင်ပါတယ်ဗျ "

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Hikayelerin yaşadığı yer. Şimdi keşfedin