ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၅၆
တောင်ရှည်ကြီး တကားကားဖြင့် စွဲညို့တစ်ယောက်အသက်လေးရဲ့ အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည် ။
ဒေါက် ဒေါက်
"အသက်လေး ကလေးလေး တံခါးဖွင့်ပါကွာ "
"မဖွင့်ဘူးသွား မင်္ဂလာလည်းမဆောင်ဘူး "
အထဲကထွက်လာတဲ့ အသံစူးစူးကြောင့် စွဲညို့ဆံပင်တွေထဲလက်ထိုးဖွမိသွားသည် ။ဘာကြံလို့ကြံရမှန်းမသိတဲ့ မျက်နှာကြီးကရှုံ့တွနေ၏ ။
"ကိုယ်နဲ့မှ မဆိုင်ဘဲကွာ "
"ဘာလို့ မဆိုင်ရမှာလဲ အဲဒီတုန်းကဒယ်ဒီဆူတုန်းက ကိုကြီး ဆူးခက်ဘက်က ကူပြောမပေးဘူးလေ "
"ဆူးခက် ထွက်ခဲ့လိုက်တော့ အောက်မှာ ရန်ကုန်ကဧည့်သည့်တွေလည်း ရောက်နေပြီ ယောင်္ကျားဘဲယူတော့မယ် ကလေးလိုလုပ်မနေနဲ့ "
ကိုကြီးကိုပြန်ပြောနေတုန်း ကြားလိုက်ရတဲ့ အသံက ဒယ်ဒီအသံမှန်း ဆူးခက်သိသည်မို့ နှုတ်ခမ်းက ပိုဆူထွက်လာ၏ ။
"မထွက်ဘူး ဒယ်ဒီဆူးခက်ကို ဆူတယ် "
တမင်ငိုသံလေးလုပ်ပြောလိုက်ကာ ဆူးခက်တစ်ယောက် ကိုယ့်မင်္ဂလာဆောင်နေရောက်မှ စပရှယ်ပလန်နဲ့ ဂျစ်တိုက်နေသည် ။
ဆူးခက်နဲ့ဒယ်ဒီ့ကြားညပ်နေတဲ့ ကိုကြီးကိုတော့
သနားမိပါရဲ့၊
ဒါပေမယ့် ကိုကြီးအပြစ်လည်းပါတာဘဲ ၊
လွန်ခဲ့သော နာရီပိုင်းလောက်ကမှ ဟန်နီးမွန်းထွက်ဖို့အကြောင်းပြောနေကြတာ ဒယ်ဒီက
'ဘာလို့ထွက်မှာလဲ'ဆိုပြီး လေသံတင်းတင်းနဲ့ဆူသည် ။ပြီးတော့ ဒယ်ဒီက 'မင်္ဂလာဝတ်စုံဖိုးနဲ့တင် တော်တော်သုံးပြီးပြီကို နောက်ရှေ့ရေးအတွက်စုဦးမှပေါ့'ဟုလည်းပြောသေးသည် ။
မင်္ဂလာဝတ်စုံဖိုးက အနောက်တိုင်းဝတ်စုံရော ထိုင်မသိမ်းရော နှစ်စုံမို့ ပိုကုန်သွားတာသိသည်။ဒါပေမယ့် ဟန်နီးမွန်းလေးတော့ ထွက်ချင်သေးတာမို့ ထိုအချိန်က
ကိုကြီးကို အကူအညီတောင်းသလိုကြည့်တော့လည်း ကိုကြီးက အင်တင်တင်လုပ်နေတာ၊"အသက်လေး "
ခေါင်းလေးငုံ့ကျလျက် တွေးနေတုန်း အသံကအနီးအနားကနေကြားလိုက်ရတာမို့ မော့ကြည်တော့ ကိုကြီး ၊
ပုလဲဖြူရောင်တိုက်ပုံနဲ့ တောင်ရှည်ပုဆိုးကို ဝတ်ထားတဲ့ ကိုကြီးက တကယ့်ခန့်ချောကြီးရယ်၊
ဘယ်လောက် ပျာယာခတ်ထားလဲ သိသာစွာ ကိုကြီးနဖူးစပ်တွင်ချွေးစတို့ ဝေ့သီနေသည် ။အခါတိုင်းအမြဲလို သပ်ရပ်နေတဲ့ ဆံပင်တွေကလည်း ရှုပ်ပွလို့ ၊
ဆူးခက် ကိုကြီးကို သေချာကြည့်နေမိစဉ် သက်ပြင်းချသံကို ကြားလိုက်ရသည်မို့ မျက်နှာလေးကို တစ်ဖက်လွှဲချလိုက်သည် ။