ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၅၃
တီ တီ
"ဗျို့ အကိုလေး သွားတော့မှာလား "
ဆိုင်ကယ်ဟွန်းသံနှင့်အတူအသံကျယ်ကျယ်ဖြင့်လှမ်းမေးတာကြောင့် စွဲညို့ဧည့်ခန်းထဲထိုင်နေရာမှ အရှေ့ထွက်လာလိုက်သည် ။
"ခဏလေး အသက်လေးက မပြီးသေးဘူးထင်တယ် မဆင်းလာသေးဘူး "
"ကားမမှီမှာ စိုးလို့ဗျ "
"အေးပါ သာထူးရယ် ငါသွားကြည့်လိုက်ပါဦးမယ် "
သူ့ထက်ပင် ကားမမှီမှာပိုစိုးရိမ်နေတဲ့ သာထူးကြောင့် စွဲညို့ အပေါ်ထပ်က အခုထိဆင်းမလာသေးတဲ့ အသက်လေးစီ တက်လာခဲ့လိုက်သည် ။
ဒီနေ့ မင်္ဂလာဝတ်စုံကြည့်ဖို့အတွက်ရန်ကုန်သွားကြမှာဖြစ်သည် ။ဒေါက် ဒေါက်
"အသက်လေး "
"ရှင့် လာပြီ "
တံခါးခေါက်ကာ ခပ်အေးအေးခေါ်လိုက်တော့ အထဲက အသံချိုချိုလေးထွက်လာတာမို့ စွဲညို့ပြုံးမိသည် ။
"ပြီးပြီ သွားကြမယ် "
ပြုံးနေတဲ့ အပြုံးလေးပင်ရပ်တန့်သွားကာ မျက်လုံးပြူးမိသွားသည် ။တံခါးဖွင့်ကာ ထွက်လာတဲ့ အသက်လေးပုံစံက တီရှပ်အဖြူရောင်
အပွခါးတိုလေးနဲ့ ဂျင်းဘောင်းဘီ အနက်ရောင် ပေါင်တိုလေးဖြင့် ၊ဆံနွယ်တွေက ထိပ်မှာစုထုံးထားကာ ကျောပိုးအိတ်အနက်ရောင်အသေးလေးကိုက လွယ်ထားလိုက်သေးသည် ။
သေချာကြည့်နေရင်းမှပင် စွဲညို့ဦးတို့ သွေးတက်ပြီလေ"အသက်လေး "
"ရှင့် "
ထူးတဲ့အသံလေးကတော့ ချိုနေတာဘဲ၊
"ဟို ဘောင်းဘီက အဲဒါဘဲဝတ်မှာလား ဟင် "
စွဲညို့မှာ သိပ်လည်းမပြောရဲ ၊
အရင်နှစ်ရက်ကတောင် စိတ်ဆိုးသွားလို့ မအိပ်မနေချော့ထားရတာ ၊အခုလည်း သွားခါနီးလာခါနီး စိတ်ဆိုးသွားရင် ဒုက္ခ"ဟုတ် ဒါဘဲဝတ်မှာလေ ဘာဖြစ်လို့လဲ "
"ဟို အပြင်မှာ နေပူနေတယ်အသက်လေးရဲ့ "