ကိုယ့်အသက်မို့ မဝေးချင်ပါ
Zawgyi below
အပိုင်း ၁၀ uni
စွဲညို့တစ်ယောက် ဆေးရှိန်ကြောင့်အိပ်ပျော်သွားရာမှ
နိုးလာတော့ နေ့လည် ၁နာရီ ပင်ထိုးပြီဖြစ်သည်။
ဘေးကိုငဲ့ကြည့်မိတော့ စွဲညို့အသက်လေးက
ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်လျက်
ကုတင်စွန်းမှာ လက်လေးတစ်ဖက်ပေါ်ခေါင်းမှီရင်း
အိပ်ပျော်နေလေရဲ့
နောက်လက်တစ်ဖက်ကတော့ စွဲညို့လက်ကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပေးထားသည်။စွဲညို့ ကိုယ်ကိုအနည်းငယ်
မတ်အောင်ပြင်ထိုင်ရင်း အသက်လေးမျက်နှာကို
ငေးစိုက်ကြည့်မိပါ၏။ဆူးခက်သက်ညှာဆိုတဲ့ သူမလေးသည်
ရှေးဘဝကဘယ်လောက်ထိ ဆုတောင်းကောင်းခဲ့လို့များ
အိပ်နေတာတောင်
ဒီလောက်လှရက်ရသလဲမသိအိမ်နေရင်းမို့ ဆံပင်ကို ဘီးကုတ်လေးနဲ့လှန်တင်ထားရာ
မြင်နေရတဲ့ နဖူးပြင်ပြေပြေလေးက
အစက်အပြောက် အဖုအပိန့်တစ်စက်တလေတောင်မရှိ
မျက်ခုံးနှစ်ဖက်မှာလည်း
ခပ်ကွေးကွေး လခြမ်းလေးပမာ
မျက်ဝန်းဝိုင်းများ မှိတ်ထားသောကြောင့်
မျက်တောင်လေးတွေ ဖြာကျနေသည်က
နတ်များဖန်ဆင်းပေးထားသယောင်
အတိုအရှည်က အစီအစဉ်ကျလျက်
ထိုမျက်ဝန်းများ ဖွင့်ထားချိန်ဆိုရင်
ခပ်ညိုညိုမျက်ဆံများ ပိုင်ဆိုင်ထားသည့်
မျက်ဝန်းဝိုင်းများကို တွေ့ရမည်ဖြစ်ကာ
ထိုမျက်ဝန်းများမှ
မျက်စောင်းတစ်ချက် ဝံ့လိုက်လျှင်ဖြင့်
စွဲညို့ရင်မှာမုန်တိုင်းတစ်ခါ အတိုက်ခံရပါ၏ ။ထိုမျက်ဝန်းမှတဆင့် ဆက်ဆင်းသွားကြည့်မယ်ဆိုလျှင်
နှာတံစင်းစင်းလေးကို တွေ့ရမည်ဖြစ်ပြီး
ထိုနှာတံလေး၏ အဆုံးနားတွင် သေချာကြည့်မှမြင်နိုင်သည့်
မှဲ့သေးသေးလေးရှိပါ၏ ။
ထို့နောက် ဖူးငုံနေတဲ့နှင်းဆီပွင့်လို
နှုတ်ခမ်းနီနီရဲလေး
ထိုနှုတ်ခမ်းဖျားမှာ ထွက်လာတဲ့စကားသံတိုင်းသည်လည်း
စွဲညို့အတွက်တော့ အမိန့်များသဖွယ်
ဘယ်သောအခါမှ လွန်ဆန်နိုင်မည်မထင်ပါလေစွဲညို့သည် သူ့အသက်လေးမျက်နှာကို
အသေးစိတ် တစိမ့်စိမ့်ကြည့်ရင်း အလွတ်မှတ်နေမိပါ၏။
မဖြစ်မနေဝေးရမည့်အချိန်ဆို
ကျန်ခဲ့ရမယ့်သူကစွဲညိုပေမို့
ထိုအချိန်များရောက်ခဲ့လျှင်
သူမလေးမျက်နှာ ပြန်ပုံဖော်တွေးရင်း
အားတင်းရမည်လေ