ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၃၈
တီ တီ
"ဟယ် လာပြီလား မသိဘူး "
"ဟုတ်တယ် ဆူးခက်ကား
အကိုလေးတော်ရုံဘဲပြင်နော် ဆူးခက်ကရောက်နေပြီ "သာထူးစကားကြောင့် စွဲညို့ အခန်းထဲက ထွက်လာရုံရှိသေး ၊
မဟီက ခြံထဲသို့ပြေးထွက်သွားလေပြီ
ညက အသက်လေးနဲ့တွေ့ဖို့အတွက် ဖုန်းဆက်ချိန်းလိုက်မိပါ၏ ။
မဟီက ထိုအရာကို ကြားသွားပြီး
အသက်လေးအားတွေ့ဖို့ လွန်စွာမှ စိတ်အားထက်သန်လို့နေသည် ။"ငါသွားတော့မယ်နော် "
ဧည့်ခန်းမှာထိုင်နေသော ချမ်းမြေ့၊သာထူးနှင့်ရဲတိုက်တို့ကို ပြောတော့
သုံးယောက်လုံး စပ်ဖြဲဖြဲဖြင့် ခေါင်းငြိမ့်ပြကြသည်။
ဒီနေ့ ရဲတိုက်လည်း အလုပ်နားတာမို့ အိမ်မှာလူစုံတပ်စုံပင်"အကိုလေး အရင်တစ်ခေါက်ကလို မလုပ်နဲ့နော် "
ဟန်အမူအရာတွေပါ လုပ်ပြနေတာမို့ သာထူးဘာကိုဆိုလိုသလဲ ဆိုတာ စွဲညို့သဘောပေါက်သွားသည် ။
မျက်နှာက ရေနွေးနဲ့အပတ်ခံလိုက်ရသလို
ပူသွားသည် ။"ခွေးကောင် မင်းပြန်လာမှတွေ့မယ်"
စပ်ဖြဲဖြဲဖြစ်နေတဲ့ သာထူးအား စွဲညို့ ကြိမ်းလိုက်ကာ အပြင်ကို ထွက်လာခဲ့သည် ။
ကားထဲခေါင်းဝင်မတက် ကိုယ်ကိုကိုင်း၍
ဘာတွေပြောနေမှန်းမသိသော မဟီကိုလှမ်းတွေ့လိုက်၏ ။
ခြေလှမ်းကို ပိုသွက်လိုက်သည် ။"ဟေ့ ရဲတိုက် ခေါ်နေတယ် "
ကားနား ရောက်တာနဲ့ မုသာဝါဒ သုံးကာ မဟီအားပထုတ်လိုက်သည် ။
ဟိုသုံးယောက်လိုဘဲ စပ်ဖြဲဖြဲမျက်နှာဖြင့် လှည့်ကြည့်လာတာကြောင့် ကြက်သီးမွေးညှင်းတို့ပင် ထသွားရသည် ။
ဘာတွေ မွှေထားလဲမသိ"မမ မဟီပြောတာတကယ်သိလား မမရဲ့ကိုကြီးက တကယ်မလွယ်တာ "
အသက်လေးအား ထိုကဲ့သို့ ထူးထူးဆန်းဆန်းစကားကိုပြောပြီးတော့ သူမအထဲပြေးဝင်သွားသည် ။
စွဲညို့မှာ အပြစ်လုပ်မထားဘဲ ခြေတွေလက်တွေတုန်နေရ၏ ။
အသက်လေးကို ငဲ့ကြည့်မိတော့လည်း မျက်နှာလေးက တည်တင်းနေ၏ ။