ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း၅၁
ဒီနေ့ အောင်မျိုးနဲ့စိမ်းလဲ့တို့မင်္ဂလာဆောင်ရှိတာမို့
စွဲညို့ အဝါဖျော့ရောင်စတစ်လက်ရှည်နှင့်ပုဆိုးကွက်စိပ်ဖြင့် စောစောစီးစီးသန့်ပြန့်နေသည်။
အသက်လေးလည်း လိုက်မယ်ပြောထားတာမို့
စွဲညို့ လက်စွဲတော်ခေါက်အိတ်ကို ခါးမှာထိုးလိုက်ပြီး အပေါ်ထပ်တက်လာလိုက်သည် ။
အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သော်လည်း အသံပြန်မလာ"အသက်လေး ဘာဖြစ်လို့လဲ "
တံခါးကို နှစ်ချက်ဆင့်ခေါက်ကာ မေးလိုက်သည်။ဒီတစ်ခါလည်း ဘာမှာပြန်မဖြေလေတော့
ရင်ပူစပြုလာလေပြီ"အသက်လေး ကိုယ်ခေါ်တာကြားလား "
"မြေး ဘာဖြစ်လို့လဲ "
စွဲညို့ စိတ်ပူလာလို့ အသံကျယ်မိသွားတော့
အောက်ထပ်ရောက်နေတဲ့ အဘွားတို့ဦလေးတို့အန်တီတို့ပါရောက်လာကြသည် ။"မသိဘူး ဘွားရယ် ပြန်လည်းမဖြေဘူး "
အဘွားကို မျက်စိပျက်မျက်နှာပျက်ဖြင့် ဖြေမိတော့ အဘွားက စွဲညို့ကိုနောက်ပို့ပြီး တံခါးရှေ့သွားရပ်သည် ။
ဒေါက် ဒေါက်
"မြေးမ အိပ်နေတာလား "
"သမီး ဘာလို့ပြန်မထူးတာလဲ "
"ဆူးခက် ခေါ်နေတယ်လေသမီး "
ဦးလေးနဲ့အန်တီတို့ကလည်း ဝင်မေးသည် ။
အကုန်လုံးရင်ထဲ စိုးရိမ်စိတ်တို့မြင့်တက်လာလေပြီချောက် ကျွီ
အသံနှင့်အတူ ပွင့်လာတဲ့ တံခါးနောက်က မျက်ရည်လူးနေတဲ့ မျက်နှာနုနုလေးကို မြင်ရတော့ စွဲညို့ဘယ်လိုဘယ်လို အနားရောက်သွားလဲတောင်မသိလိုက်
"အသက်လေး ဘာလို့လဲဟင် ဘာလို့ငိုနေတာလဲ "
အသက်လေးရဲ့ မျက်ရည်တွေကို လက်ဖဝါးဖြင့် သုတ်ပေးပြီး စွဲညို့ စိုးရိမ်တကြီးမေးမိသည် ။
အနားမှာရှိတဲ့ တခြားလူတွေကိုလည်း
ဂရုမစိုက်နိုင်"မင်္ဂလာဆောင်သွားဖို့ ဝတ်စရာရှာမတွေ့ဘူး "
"အဲဒါနဲ့ဘဲ လူကြီးတွေကို
စိတ်ပူအောင်လုပ်ရလား ဟင် "