ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၂၂
"အသက်လေးရေ "
"..... "
"အသက်လေးရဲ့ "
"...... "
ဧည့်ခန်းထဲ ဇာတ်လမ်းတွဲထိုင်ကြည့်နေကြသော
ဆူးခက် ၊မစု နဲ့ဘွား
အိမ်ရှေ့ကွပ်ပျစ်စီက တစ်ချက်တစ်ချက်ထွက်လာတဲ့ အသံကြောင့်
ဇာတ်လမ်းကို အာရုံစိုက်လို့မရတော့
ဘွားနှင့်မစုကလည်း ဆူးခက်ကို ခဏခဏလှည့်ကြည့်နေကြပေမယ့်
ဆူးခက်ခေါ်သံကိုပြန်မထူးဘဲသာ နေလိုက်သည်"ကိုကြီး တောင်းပန်ပါတယ်လို့
နောက်မပြောတော့ပါဘူးလို့ ""....... "
"ကိုယ့်ကို လာကြည့်ပါဦးအသက်လေးရဲ့ "
၇အိမ်ကြား ၈အိမ်ကြားအော်ပြောနေတာက
မသိရင် ဆူးခက်ဘဲ သေသွားသလိုလို
လုပ်တုန်းကကျ ရှေ့မကြည့်နောက်မကြည့်လုပ်ပြီး
အခုမှတောင်းပန်နေသေးသည်။
ဆူးခက် ပေတေပြီးမထူးဘဲနေလိုက်သည်
မောရင် အိပ်သွားလိမ့်မယ်လေ"အသက်လေးရယ်လို့ "
"...... "
"အသက်လေး "
"...... "
ဆူးခက်ကပြန်မထူးပါ
အာရုံမရဘူးဆိုပေမယ့်
ဇာတ်လမ်းကိုသာ ဟန်မပျက်ဆက်ကြည့်နေသည်
ဘွားတို့လည်း ဘာမှမပြောဘဲ နေနေကြပေမယ့်
နောက်တော့မနေနိုင်ဘူးထင်ပါရဲ့"ကဲပါ မြေးမလေးရယ် သွားကြည့်လိုက်စမ်းပါ
ညကြီးမိုးချုပ် အော်နေတာမကောင်းပါဘူး "ထိုသို့ ပြောလာ၏
ဆူးခက်လည်း အတော်နားညီးလှပြီမို့
လေပူတစ်ချက် ဟူးကနဲ မှုတ်ထုတ်ရင်း
အိမ်ရှေ့သို့ ထထွက်လာလိုက်ပါ၏ ။"အသက်လေး... "
"ဘာမှ အသက်လေးမနေနဲ့ "
စွဲညို့ ကွပ်ပျစ်ပေါ်လှဲအိပ်ရင်း အသက်လေးကိုတကြော်ကြော်ခေါ်နေရာမှ
ကြားလိုက်ရတဲ့ အသံချိုချိုလေးကြောင့်
ငေါက်ကနဲ ထထိုင်မိသည်။
ကြည့်လိုက်တော့ ထင်တဲ့အတိုင်းအသက်လေးပါလေ
စွဲညို့ကို ခါးနှစ်ဖက်ထောက်ပြီး ဒေါသမျက်နှာလေးနဲ့ မှုန်ကုတ်ကုတ်လေး
ကြည့်နေတာကိုက ဘယ်လိုလေးမှန်းမသိ
အသည်းယားဖို့ကောင်းလွန်းလှသည်