အပိုင်း၅၂(uni/zg)

1.4K 37 1
                                    

ကိုယ့်အသက်မို့ မဝေးချင်ပါ

အပိုင်း ၅၂

"ဟေ့ကောင် မင်းဘာလုပ် လုပ် လုပ် အဲ
ဆက် ဆက်လုပ် "

ပြီးရင် လိုက်ခဲ့မယ်ဆိုပြီး တော်တော်ကြာသည်အထိပေါ်မလာတဲ့ သူငယ်ချင်းကို ခေါ်ဖို့ အောင်မျိုးရောက်လာတဲ့ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဦးနှောက်ထဲကြိုစဉ်းစားလာတဲ
'မင်းဘာလုပ်နေလို့ ကြာနေတာလဲ 'ဆိုတဲ့ အမေးစကားကိုတောင် ဆုံးအောင်မပြောနိုင် ၊
ရှေ့ဘဲဆက်သွားရမလိုလို နောက်ဘဲပြန်သွားရမလိုလိုဖြင့် လမ်းပျောက်သွားသည် ။
သတိုသားနဲ့သတို့သမီးဖြစ်တဲ့ ကိုယ်နဲ့စိမ်းလဲ့မှာ လက်ချင်းချိတ်ဖို့တောင် မစွမ်းနိုင်တဲ့အချိန် ဒီတစ်သက်ရည်းစားရမယ်လို့ လုံးဝမထင်ထားမိတဲ့ စွဲညို့ဆိုတဲ့ကောင်က ငယ်ငယ်ချောချောချစ်သူလေးရကာ အခုလိုကြည်နူးနေတာမြင်တော့
ဒီအချိန်ထိဘာမှမဘာရသေးတဲ့ ကိုယ့်အဖြစ်ကိုယ်တွေးမိကာ ရင်ခံရတော့သည် ။

အရှိန်ရနေတဲ့ စွဲညို့တို့မှာလည်း တစ်စင်တီမီတာလောက်အကွာ‌အဝေးဘဲလိုတော့ခါမှ ထွက်လာတဲ့ အသံဆိုးကြောင့် ရပ်တန့်သွားရသည် ။
စွဲညို့ ဒီတစ်ခါတော့ စိတ်ကိုလုံးဝမထိန်းတော့ဘူးလို့တွေးကာ ရှေးဆက်ခါမှ သူခိုးလူမိသလိုဖြစ်သွားတာ‌ကြောင့် ရှက်တာထက် မချင့်မရဲဖြစ်တာက ပိုသည်။စဉ်းစားကြည့်လေ အခုလိုဘာမှမလုပ်ရသေးဘဲ လူမိသွားတာထက်စာရင် လုပ်ပြီးမှ လူမိတော့ အရှက်ရလည်းတန်တာပေါ့ ၊
အခုဟာက တကယ့်ကို ထိဖို့နည်းနည်းလောက်ဘဲလိုတော့တာ

"ငါကွာ တကယ်ကို နည်းနည်းဘဲ လိုတော့တာ "

မထိလိုက်ရတဲ့ နှုတ်ခမ်းဖူးလေးကိုမြင်ယောင်မိတော့ နှမြောတသဖြစ်တဲ့စိတ်က ပိုဆိုးလာကာ
ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ထွက်ကျလာတဲ့စွဲညို့ရဲ့ မချိတင်ကဲရေရွတ်သံက ဟိန်းကနဲ၊

"ဟေ့ကောင် မင်းတော်ရုံဘဲကောင်းတယ်ကွာ "

သူ့အသံကြောင့် အခုထိဘာမှမဘာရသေးတဲ့
အောင်မျိုးမှာလည်း ငိုသံကြီးနဲ့ပြောတော့သည်။

"အဲလိုမပြောနဲ့ သေနာရ မင်းရောက်လာလို့ ငါရဲ့ပထမဆုံးလေး ပျက်စီးသွားတာ "

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Où les histoires vivent. Découvrez maintenant