"နေဦး၊အိမ်ထဲမှာ မင်းအဖေရှိလိမ့်မယ်၊တစ်ခုခုပြောရင်တစ်ခွန်းမှပြန်ခံမပြောနဲ့နော်၊ကြားလား မာမီပြောတာ"
တစ်လမ်းလုံးပြောခဲ့သောထိုအမှာစကားမှာအိမ်တံခါးရှေ့ရောက်သည်အထိမပြီးဆုံးနိုင်သေး။စိတ်ကျေနပ်အောင်အကြိမ်ဆယ်ခါမြောက်ခေါင်းငြိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲကိုအနောက်မှလိုက်ဝင်လိုက်လျှင်ထင်ထားသည့်အတိုင်းစောင့်နေသူကရှိသည်။
ဆိုဖာပေါ်ထိုင်နေတဲ့ပုံရိပ်က သူတို့ကိုလှည့်မကြည့်ပဲကျောခိုင်းထားမြဲ။လက်ကိုတစ်ချက်အသာကုတ်ကာ မျက်နှာရိပ်မျက်နှာကဲပြသွားတဲ့မာမီကဆိုဖာနားအသာလျှောက်သွားပြီး
"မအိပ်သေးဘူးလား ယောင်္ကျား၊မနက် ကုမ္ပဏီသွားရမှာကို"
"ကောင်းကောင်းမွန်မွန်မနေနိုင်ဘူးလား"
ထွက်လာတဲ့တုံ့ပြန်စကားရဲ့ရည်ရွယ်ရာဟာ သူ့ကို။အခုလိုကျဒီလိုပြောလာပေမဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းကကျ 'ကောင်းကောင်းမွန်မွန်နေတာပဲ၊လိမ္မာလိုက်တာ' ဆိုပြီးဘာလို့တစ်ခါမှမချီးကျူးခဲ့ရတာလဲ။
ဘာလို့လဲ
ပြဿနာက ရှင်းပါသည်။သူဆိုးသည်ဖြစ်စေ၊ကောင်းသည်ဖြစ်စေ သူ့ဖခင်ဆီမှာဘယ်တော့မှစိတ်တိုင်းကျခံရမည်မဟုတ်။အပြစ်တင်ရမည်ဆိုလျှင် ဘာမဆိုတော်ပြီး၊ပြီးပြည့်စုံလွန်းတဲ့လူတစ်ယောက်ရဲ့ ညီအဖြစ်မွေးဖွားလာခဲ့တဲ့သူ့ကံကြမ္မာကိုသာ။
သူ့မှာပါလာတဲ့ ရှိသမျှစွမ်းရည်နဲ့ကြိုးစားမှုတိုင်း၊အားထုတ်မှုတိုင်းဟာ ဘယ်တုန်းကမှသူ့အစ်ကိုကိုမမှီခဲ့။ဒါဟာလည်း သူ့အစ်ကိုအပြစ်မဟုတ်ရပါ။ဘာကမှားနေလည်းမသိပေမဲ့ အထက်တန်းမရောက်ခင်အထိသူလုပ်နိုင်သမျှလုပ်ခဲ့တဲ့ရလဒ်အားလုံးဟာ အဖေ့အတွက်တော့မလုံလောက်ခဲ့။
ဖြစ်ချင်တော့သူဟာတခြားသူတွေလောက်ထက်မြက်မနေ။ဒါမှမဟုတ် ကံကောင်းတတ်တဲ့လူမဟုတ်လို့လည်းဖြစ်နိုင်သည်။အကောင်းဆုံးလုပ်ခဲ့တယ်ထင်တိုင်း အဆင့်တစ်နဲ့လွဲချော်ဆဲလွဲချော်မြဲ။ဒါပေမဲ့ ထိပ်ဆုံးအဆင့်ရခဲ့ရင်တောင်မှရော?ဟင့်အင်း မထူးခြားသွားပါ။
![](https://img.wattpad.com/cover/325703733-288-k81839.jpg)
YOU ARE READING
𝙵𝙸𝚁𝚂𝚃 𝙻𝙾𝚅𝙴 ✓
Fanfiction[𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 × 𝚂𝚒𝚖 𝙹𝚊𝚎𝚢𝚞𝚗] 𝚖𝚊𝚢𝚋𝚎, 𝚠𝚑𝚎𝚗 𝚠𝚎'𝚛𝚎 𝚛𝚎𝚊𝚍𝚢, 𝚠𝚎'𝚕𝚕 𝚖𝚎𝚎𝚝 𝚊𝚐𝚊𝚒𝚗.